ဘန်ကောက် ဩဂုတ် ၁၇
အရှေ့အလယ်ပိုင်းပဋိပက္ခ၏ လွှမ်းမိုးသက်ရောက်မှုကြောင့် စားသုံးမှုနှင့် ထုတ်လုပ်မှုကဏ္ဍများ ထိခိုက်ခဲ့သဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် ဧပြီလမှ ဇွန်လအထိ ဒုတိယသုံးလပတ်ကာလအတွင်း စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးခဲ့ကြောင်း သိရသည်။
ဒေသတွင်းရှိ အဓိကစီးပွားရေးနိုင်ငံများသည် ဩဂုတ် ၁၇ ရက်တွင် ၎င်းတို့၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး(GDP) တိုးတက်မှုဆိုင်ရာ ကိန်းဂဏန်းများကို ထုတ်ပြန်ခဲ့ကြသည်။ စင်ကာပူနိုင်ငံ၏ စီးပွားရေးသည် ယမန်နှစ်အလားတူကာလထက် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံက ၅ ဒသမ ၂ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံက ၂ ဒသမ ၃ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံက ၁ ဒသမ ၉ ရာခိုင်နှုန်း အသီးသီးတိုးတက်လာခဲ့သည်။ နိုင်ငံလေးနိုင်ငံလုံး၏ စီးပွားရေးများ ဆက်လက်တိုးတက်ခဲ့သော်လည်း ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း နှေးကွေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှုန်းသည် ၈ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး မလေးရှားနိုင်ငံ၏ စီးပွားရေးမှာ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သဖြင့် နှစ်နိုင်ငံစလုံးတွင် ယခင်သုံးလပတ် ထက် ပိုမိုမြန်ဆန်သော စီးပွားရေးတိုးတက်မှုကို မှတ်တမ်းတင်ခဲ့သည်။ စားသုံးသူများ၏ ခိုင်မာ သော ဝယ်ယူသုံးစွဲမှုသည် စီးပွားရေးတိုးချဲ့မှုကို အထောက်အကူပြုခဲ့သည်။ ထို့အပြင် AI နှင့် ဆက်စပ်သည့် ထုတ်ကုန်များနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပေါ် ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍမှာလည်း အားကောင်းလာခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသသည် အရှေ့တောင်အာရှအတွက် အဓိကစွမ်းအင်အရင်းအမြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည့်အတွက် ဒေသတွင်းနိုင်ငံများကလည်း ယင်းဒေသနှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိကြသည်။
အင်န်အိတ်ချ်ကေ


