အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေဖြစ်နေတဲ့အတွက် မန်ယူဘောလုံးအသင်းရဲ့ အဲဒီဒေသမှာ လေ့ကျင့်ရေး ပြုလုပ်မယ့် အစီအစဉ် ဖျက်သိမ်း 

၁၅ ဇန်နဝါရီ 

အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေဖြစ်နေတဲ့အတွက် ဒူးဘိုင်းနိုင်ငံရှိ နတ်အယ်ရှီးဘာ အားကစားရုံမှာ ဆောင်းရာသီ ရက်အားအတွင်းမှာ မန်ယူအသင်း သွားရောက်လည်ပတ်ပြီး လေ့ကျင့်ရေး လုပ်ဆောင်မယ့် အစီစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း မန်ယူအသင်းနည်းပြ ဆိုးရှားက အတည်ပြုပြောကြားပါတယ်။ 

 

554

 

ပူနွေးတဲ့ရာသီဥတုပိုင်ဆိုင်တဲ့ ဒူးဘိုင်းနိုင်ငံရှိ နတ်အယ်ရှီးဘာ အားကစားရုံကို မန်ယူဘောလုံးအသင်းက ဆောင်းရာသီ လေ့ကျင့်ရေးစခန်းအဖြစ် အခုနှစ်ပိုင်းအတွင်းမှာ အသုံးပြုလေ့ရှိပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဝုလ်ဗ်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မတိုင်မီ ဘောလုံးသမားတွေ အတွက် ဆောင်းရာသီ ရက်အားရရှိကြမှာဖြစ်ပါတယ်။ ၂၀၂၀ ဆောင်းရာသီရက်အားကို မန်ယူဘောလုံးသမားတွေဟာ ကိုယ့်အစီစဉ်နဲ့ကို ဥရောပအတွင်းမှာဘဲ ကုန်ဆုံးဖို့ ရှိနေပါတယ်။ 

အဲဒီဆောင်းရာသီရက်အား မတိုင်မီ မန်ယူအသင်းအတွက် ပွဲစဉ် ငါးပွဲ၊ ခြောက်ပွဲ ကစားရန်ရှိနေသေးကြောင်း သိရပါတယ်။ 

MDN
ကိုးကား - AFP