ရန်ကုန် အောက်တိုဘာ ၁၂
သာသနာရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဒီပလိုမာ (ဗုဒ္ဓ ဓမ္မ)တန်းမှ ဒုတိယနှစ်ဝိဇ္ဇာတန်းအထိ ပထမနှစ်ဝက်စာမေးပွဲများကို ယနေ့မွန်းတည့် ၁၂ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ စာသင်ဆောင်များ၌ စတင်ကျင်းပသည်။
အဆိုပါ စာမေးပွဲများသို့ ပြည်တွင်း ပြည်ပမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်စုစုပေါင်း ၂၁၆ ပါး/ဦး ဝင်ရောက် ဖြေဆိုလျက်ရှိကြပြီး စာမေးပွဲများကို အောက်တိုဘာ ၁၂ ရက်မှ ၂၂ ရက်အထိ ကျင်းပ သွားမည်ဖြစ်သည်။
စာမေးပွဲများ ကျင်းပနေမှုကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနောဓိဉာဏ အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ ဒုတိယပါမောက္ခချုပ် (စီမံ)နှင့် တာဝန်ရှိသူများက ကြွရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


