အွန်လိုင်းတိုက်ကွမ်ဒို ချန်ပီယံရှစ်ပြိုင်ပွဲ မြန်မာရွှေတစ်ခုရရှိ

ရန်ကုန် ၁၈ နို၀င်ဘာ

 

နီပေါနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခဲ့သော Kathmandu International Virtual Taekwondo Poomsae championship - 2020. ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား မောင်စိုင်းစိုင်းဝင်းထွဋ်အောင်‌ ရွှေတစ်ခုဆွတ်ခူးရရှိသည်။

 

အဆိုပါပြိုင်ပွဲ၌ အမျိုးသားဂျုနီယာ (အသက်-၁၇)နှစ်အောက်တွင် မောင်စိုင်းစိုင်းဝင်းထွဋ်အောင် (အောင်ဆန်းကလပ်) အသင်းမှ ပထမ(ရွှေ)၊ မလေးရှား ဒုတိယ(ငွေ)၊ ဆူရာနမ်နိုင်ငံနှင့် မ‌လေးရှားတို့က ပူးတွဲတတိယ(ကြေး)တံဆိပ် အသီးသီးရရှိခဲ့သည်။

 

အဆိုပါပြိုင်ပွဲကို နို၀င်ဘာ ၇ ရက်နှင့် ၈ ရက်တွင် ကျင်းပခဲ့ရာ နိုင်ငံပေါင်း (၁၄)နိုင်ငံမှ ကစားသမားပေါင်း ၅၀၀ ကျော် ဝင်ရောက်ယှဥ်ပြိုင်ရာ နိုင်ငံအလိုက် မြန်မာနိုင်ငံမှ အဆင့်(၁၀)ရရှိခဲ့သည်။

 

အာကာလင်း