အင်္ဂပူ အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကျန်းမာရေးဌာနတွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးက ဝက်သက်၊ ဂျိုက်သိုးရောဂါ အကြောင်းနှင့် ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှု အားပေးသည်။
အသက် ၉ လမှ ၅၉ လအတွင်းရှိ ကလေးများအား မြို့ပေါ်နှင့် ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများရှိ ကာကွယ်ဆေးထိုးစုရပ်များတွင် အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက်အထိ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


