အင်ဒိုနီးရှာတံငါသည် ငါးဦးပြန်ပေးဆွဲခံရ

၂၁ ဇန်နဝါရီ 

အင်ဒိုနီးရှားနိုင်ငံ ဘောနီယို ကျွန်းရဲ့ အရှေ့ပိုင်းမှာ ဖြတ်သန်းသွားလာနေတဲ့ လှေပေါ်ရှိ အင်ဒိုနီးရှား တံငါသည် ငါးဦးကို ဖိလစ်ပိုင်နိုင်ငံမှာအခြေစိုက်တဲ့ အဘူ ဆာရတ်စစ်သွေးကြွတွေက ဖမ်းဆီးထားကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူတွေ က ဒီကနေ့ ပြောကြားပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အဖမ်းဆီးခံထားရတဲ့ သူတွေကို ကယ်ဆယ်ရန် မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေစဉ် အဲဒီနေရာတွေကို မသွားဖို့ တံငါလှေတွေကို အကြံပြုထားပါတယ်။ 

ဖမ်းဆီးခံထားရတဲ့ လှေပေါ်မှာ တံငါသည် ရှစ်ဦးပါသွားခဲ့ပေမယ့် သုံးဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အခြေစိုက်တဲ့ အဘူ ဆာရတ်စစ်သွေးကြွတွေဟာ သူတို့ကိုယ်သူတို့ အစ္စလာမ်စစ်သွေးကြွလို့ အမည်သမုတ်ထားပြီး အနောက်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တွေအား ပြန်ပေးဆွဲခြင်းတွေကို ၁၉၉၀ ပြည့်နှစ်ဦးပိုင်းကစပြီး လုပ်ဆောင်နေခဲ့ပါတယ်။ 

ပင်လယ်ပြင် ကာကွယ်ရေးအင်အားနည်းပါးသော မလေးရှားနဲ့ အင်ဒိုနီးရှား ရေပြင်နယ်စပ်မှာ သွားလာနေတဲ့ ကုန်တင် သင်္ဘောတွေနဲ့ တံငါလှေတွေကို အဘူ ဆာရတ် အဖွဲ့ က လက်တလောနှစ်များတွင် ပစ်မှတ်ထားလာ ကို တွေ့ရပါတယ်။ 

MDN
ကိုးကား- AFP


mdn