ဂျကာတာ အောက်တိုဘာ ၁၄
အင်ဒိုနီးရှားနိုင်ငံတွင် တောမီးနှင့် သစ်ဆွေးမြေမီးများ ပိုမိုပြင်းထန်လာခြင်းကြောင့် လူသားများသာမက မျိုးသုဉ်းရန် အန္တရာယ်ရှိနေသည့် အော်ရန်အူတန်မျောက်များကဲ့သို့သော တောရိုင်းတိရစ္ဆာန်များလည်း ထိခိုက်ခံစားနေရသဖြင့် ယင်းတို့ကို ကယ်ဆယ်ထိန်းသိမ်းရန် အာဏာပိုင်များနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့များက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်း အနောက်ကာလီမန်တန်ဒေသရှိ တောမီးလောင်ကျွမ်းမှုဒဏ်ခံခဲ့ ရသော နေရာများမှ အော်ရန်အူတန်ရှစ်ကောင်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးစစ်ကုသမှုများလည်း ပြုလုပ်ပေးခဲ့ရာ အသက်အန္တရာယ်စိုးရိမ်ရလောက်သည့် ဒဏ်ရာများ မတွေ့ရှိရသော်လည်း အချို့တွင် အာဟာရချို့တဲ့ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများ တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့ကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ လိုအပ်သည့်ကုသမှုများ ပေးအပ်ခဲ့ပြီး အနောက်ကာလီမန်တန်ပြည်နယ်ရှိ ဘာတူညမ်ဘူ ကာကွယ်ထိန်းသိမ်းထားသော သစ်တောအတွင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


