အင်ဒိုနီးရှားနိုင်ငံတွင် ရေကြီးမှုကြောင့် ငါးဦးသေ၊ သုံးဦးပျောက်ဆုံး

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်နှင့် အနီးတစ်ဝိုက်တွင် ရေကြီးမှုဖြစ်ပွားခဲ့ရာ ငါးဉီးသေဆုံးခဲ့ပြီးနောက် သုံးဉီးမှာ ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။ .

 

ပြီးခဲ့သည့်တစ်ရက်က အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားနှင့် ဘီတန်ပြည်နယ်တို့တွင် ရေလွမ်းမိုးမှုကြောင့် လူပေါင်း ၂၀၀၀၀ နီးပါးမှာ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဩဂတ်စ်ဝီဘိုက ယနေ့တွင် ပြောကြားခဲ့သည်။

 

ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ရေများသည် တစ်မီတာအထိမြင့်တက်လာပြီး အင်ဒိုနီးရှားမြို့တော်နှင့် ပတ်ဝန်းကျင်ဒေသများကို လွှမ်းမိုးသွားခဲ့သည်။

 

ရေလွမ်းမိုးမှုကြောင့် ကျောင်းသုံးကျောင်း၊ ဗလီတစ်ခုနှင့် ဆန်စပါးစိုက်ခင်းဧက ဟက်တာ ၈၀၀ ကျော်မှာ ရေနစ်မြုပ်ခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်