အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုကြောင့် ဝန်ဆောင်မှုယာယီရပ်ဆိုင်းထားသည့် လေဆိပ်များ ပြန်လည် လည်ပတ်လျက်ရှိ

ဂျကာတာ   စက်တင်ဘာ   ၁၀

အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုကြောင့် ဝန်ဆောင်မှုယာယီ ရပ်ဆိုင်းထားသည့် လေဆိပ်များ ယနေ့ ပြန်လည်စတင်လည်ပတ်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မီးတောင်ပေါက်ကွဲမှုကြောင့် လေဆိပ်ရှစ်ခုတွင် လေကြောင်းဝန်ဆောင်မှုများ ရပ်ဆိုင်းထားခဲ့ရသော်လည်း ယခုအခါ ၎င်းတို့အားလုံး ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။ အာနက်ခ် ကရာကာတောင် မီးတောင်သည် ဂျာဗားနှင့် ဆူမတြားကျွန်းများအကြားရှိ ဆွန်ဒါရေလက်ကြားတွင် တည်ရှိပြီး စက်တင်ဘာ ၄ ရက်က စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဂျကာတာ မြို့အနီးရှိ ဆူကာနို-ဟတ္တာ နိုင်ငံတကာလေဆိပ်နှင့် အခြားလေဆိပ် ခုနစ်ခုတို့သည် စက်တင်ဘာ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

စက်တင်ဘာ ၇ ရက်အထိ စာရင်းများအရ လေယာဉ်ခရီးစဉ်ပေါင်း ၂၉၀၀ ကျော်နှင့် ခရီးသည် ၃၄၀၀၀၀ ခန့်မှာ လေဆိပ်များ၌ သောင်တင်ခဲ့ကြောင်း သိရသည်။  မီးတောင်ပေါက်ကွဲမှုများမှာ ယခုအချိန်အထိ ရံဖန်ရံခါ ဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံတာဝန်ရှိသူများက ပြည်သူများအား မီးတောင်အနီးသို့ မသွားရောက်ကြရန် တိုက်တွန်းထားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်