ဩဂုတ် ၁၅
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းဒေသအနီး ပင်လယ်ပြင်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်တစ်ခုကြောင့် အနည်းဆုံး ၃၈ ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ယနေ့ ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ ဖလောရက်စ်ကျွန်းအနီး ပင်လယ်ပြင်တွင် ပြင်းအား ၇ ဒသမ ၇ ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပြောကြားသည်။ ငလျင်ဗဟိုချက်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ရှိသည်ဟု ခန့်မှန်းထားသည်။
အာဏာပိုင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ကယ်ဆယ်ရေးဝန်ထမ်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဖလောရက်စ်ကျွန်း အလယ်ပိုင်းဒေသအနီး ပင်လယ်ပြင်တွင် အမြင့်တစ်မီတာနီးပါးရှိသော ဆူနာမီလှိုင်းများကိုလည်းကောင်း၊ ဆူလာဝေစီကျွန်း တောင်ပိုင်းဒေသတွင် ၅၄ စင်တီမီတာမြင့်သော လှိုင်းများကိုလည်းကောင်း တွေ့ရှိခဲ့ရကြောင်း ဒေသတွင်း မိုးလေဝသဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


