အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အကြား နှစ်နိုင်ငံကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နေပြည်တော်  ၁၀  နိုဝင်ဘာ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် အင်ဒိုနီးရှားနိုင်ငံ၏ (၅၅) ကြိမ်မြောက် အမျိုးသားကျန်းမာရေးနေ့ (55th Indonesia National Health Day)အထိမ်းအမှတ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ တန်ဂရမ်းမြို့၌ နိုဝင်ဘာ () ရက်မှ () ရက်အထိကျင်းပခဲ့သည့် အင်ဒိုနီးရှားနိုင်ငံဆေးနှင့် ဆေးပစ္စည်းကျန်းမာရေးကုန်စည်ပြပွဲ (Indonesia Pharmaceutical and Medical Device Health Expo (2019)) အခမ်းအနား နှင့်အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနတို့အကြားနှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နိုဝင်ဘာ (၉) ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

 

ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ (၇) ရက် နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကျန်းမာရေးကုန်စည်ပြပွဲ (Indonesia Pharmaceutical and Medical Device Health Expo (2019))နှင့်Health Business Forum ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။

 

အဆိုပါအခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ အထွေထွေအတွင်း ရေး မှူးချုပ် Dr. Oscar Primadi နှင့် ဆေးနှင့်ဆေးပစ္စည်းဌာန ညွှန်ကြားရေးမှူးချုပ် Dr. Eugko တို့က ဖွင့်လှစ်ပေးကြသည်။

 

ယင်းကုန်စည်ပြပွဲသို့ အင်ဒိုနီးရှား၊ အီရန်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ရုရှား၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဒိန်းမတ်၊ အမေရိကန်၊ နယ်သာလန်နှင့် ပေါ်တူဂီနိုင်ငံများ၏ ကျန်းမာ ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သံရုံးများမှတာဝန်ရှိသူများ၊ ဆေးနှင့် ဆေးပစ္စည်းကုမ္ပဏီ များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်အိအိခင်ဧနှင့် သံရုံးတာဝန်ရှိသူများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန (FDA)ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်နှင့် လက်ထောက်အတွင်းဝန် ဒေါက်တာကျော်ခိုင်တို့ တက်ရောက်ခဲ့ကြသည်။

 

44

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Health Business Forum ၏ ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ (panel discussion) သို့တက်ရောက်ဆွေးနွေးသည်။

 

စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ကမ္ဘာအရပ်ရပ်မှတင် သွင်းမည့် ဆေးဝါးပစ္စည်းများနှင့်ပတ်သက်၍ အမြန်ဆုံးမှတ်ပုံတင်လိုင်စင်ချပေးနိုင်ရေးအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ခေါ်ယူသွားပြီး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ (၈) ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ကျန်းမာ ရေးဝန်ကြီး Dr. Terawan Agus Putranto နှင့် တွေ့ဆုံနှုတ်ဆက်၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မည့် အကျိုးတူကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြားကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၌ ဆေးဝါးစက်ရုံတည်ဆောက် လျက်ရှိသော Kalbe Company ၏ ဆေးဝါးထုတ်လုပ်မှုဗဟိုစက်ရုံသို့ သွားရောက်လေ့လာပြီး Presidential IndonesianArmy ဆေးရုံသို့ သွားရောက်၍ Cellcure Centre တွင်နောက်ဆုံးပေါ် ဆေးသိပ္ပံနည်းစနစ်များဖြင့် သီးခြားရွေး ထုတ်ထားသည့်သွေးဖြူဥအမျိုးအစားတစ်မျိုး (Monocyte Extract) ဖြင့်ခန္ဓာကိုယ်ခုခံအား စနစ်ဖောက်လွှဲဖောက်ပြန်ဖြစ်ခြင်း (Autoimmune) ရောဂါ၊ အယ်ဇိုင်းမား(Alzheimer) ရောဂါများနှင့် ကင်ဆာရောဂါကုသမှုများကိုလေ့လာခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျွမ်း ကျင်မှုပိုင်းဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် RSUPN Dr. Cipto အထွေထွေရောဂါကုဆေး ရုံကြီး၊ အမျိုးသားအဆင့်ကင်ဆာရောဂါကုစင်တာနှင့် ကင်ဆာရောဂါကုဆေးရုံတို့သို့ သွား ရောက်၍ ဆေးရုံ၏အုပ်ချုပ်စီမံခန့်ခွဲမှုစနစ်နှင့် ဆေးရုံဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များကို အတွေ့ အကြုံညှိနှိုင်းဖလှယ်ခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကင်ဆာဆေးရုံအတွင်းဆောင်ရွက်လျက်ရှိသည့် ကင်ဆာမှတ်ပုံတင် စနစ်၊ကျန်းမာရေးပညာပေးမှု၊ နှစ်သိမ့်ဆွေးနွေးပညာ ပေးမှုနှင့် ဝေဒနာ သက်သာလျော့ပါးစေရန်ကုသမှု ဆောင်ရွက်နေမှုများ အားလည်းအသေး စိတ်လေ့လာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)