ဂျကာတာ ဩဂုတ် ၅
အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံ၏ စွမ်းအင်ဖူလုံမှု အားကောင်းစေရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားနိုင်ငံမှ ရေနံစိမ်းများ တင်သွင်းနိုင်ရေးအတွက် ကာလရှည်စာချုပ်တစ်ရပ် ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီး ဘာလီလ်လာဟာဒါလီယာက ဩဂုတ် ၅ ရက်တွင် ပြောကြားသည်။
ပထမအကြိမ် ရေနံစိမ်းတင်ပို့မှု ရောက်ရှိလာပြီဖြစ်ပြီး ဒုတိယအဆင့် ရေနံစိမ်းတင်သွင်းနိုင်ရေးနှင့်ပတ်သက်၍လည်း ဆောင်ရွက်လျက်ရှိကြောင်း လာဟာဒါလီယာက ဂျကာတာမြို့ရှိ သတင်းထောက်များအား ပြောကြားသည်။ ထို့အပြင် နောင်တွင် ကာလရှည်စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရေနံစိမ်းတင်သွင်းမှုများကို နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ ပါတာမီနာထက် အစိုးရဦးဆောင်သည့် ဝယ်ယူစုဆောင်းရေးအစီအစဉ်အောက်ရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စမ်းသပ်စစ်ဆေးရေးဗဟိုဌာနမှတစ်ဆင့် တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း လာဟာဒါလီယာက ပြောသည်။
ဆင်ဟွာ


