အင်းစိန်မြို့နယ်လုံးဆိုင်ရာ ပူးပေါင်းဆွမ်းလောင်းအသင်း တည်ထောင်ခြင်းအထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် အောက်တိုဘာ ၂၈

 

အင်းစိန်မြို့နယ် ရွာမအရှေ့ GTI ကျောင်းရှေ့ရှိ မြို့နယ်လုံးဆိုင်ရာ ပူးပေါင်းဆွမ်းလောင်းအသင်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်တည်ထောင်ခြင်း (၁၅)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၂၇ ရက်က အဆိုပါအသင်းရုံး၌ ကျင်းပသည်။

 

အသင်းတည်ထောင်သူများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်၍ ကျောင်းတိုက် ၁၇ တိုက်မှ သံဃာတော်နှင့်သီလရှင်များအား အရုဏ်ဆွမ်းလောင်းလှူကြပြီး ရွာမပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ ဩဝါဒခံယူခြင်း၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှုဒါန်းခြင်း၊ အသင်းကြီးသို့ မြို့နယ်/ရပ်ကွက် တာဝန်ရှိသူများနှင့် အလှူရှင်များ စုပေါင်း၍ ဆန် ၁၅ အိတ် လှူဒါန်းခြင်း၊ ကုသိုလ်ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ရေစက်ချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်သည်။

 

ဆောင်ရွက်လျက်ရှိ

အသင်းကြီးသည် ယနေ့အထိ သံဃာတော်နှင့်သီလရှင်များအား နေ့စဉ်အရုဏ်ဆွမ်းများ (ကျောင်းတိုက်များအရောက်) လောင်းလှူနိုင်ခဲ့ကာ မြို့နယ်အတွင်း ဆရာတော်သံဃာတော်များ ဦးစီးကျင်းပပြုလုပ်သော ဘာသာရေး၊ လူမှုရေးပွဲတော်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်ဦး