အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော် ၃၁ အောက်တိုဘာ

 

အောက်တိုဘာ ၃၁ ရက် မြန်မာစံတော်ချိန် ၁၇ နာရီ၊ ၂၈ မိနစ်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက် ၆၁ မိုင်ခန့်ကွာဝေးသော ကလေးဝမြို့၏ မြောက်ဘက် ၈ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်  ၂၃ ဒသမ ၃၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၃၀ ဒီဂရီ၊ အနက် ၅၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန