အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူမှု

နေပြည်တော် ၃၁  အောက်တိုဘာ

အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီမှ အောက်တိုဘာ ၃၀ ရက် ညနေ ၅ နာရီအထိ ယာဉ်စည်းကမ်းစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးအမြန်လမ်း ဖြူးတိုးဂိတ်၌ သတ်မှတ် မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၂ စီး၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၄ စီး စုစုပေါင်း ၆ စီး ဖမ်းဆီးရမိခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့မည်ဖြစ်ကြောင်း သိရသည်။

(ရဲပြန်ကြား)