အမ်းမြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ ၅ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရပြီး ယာဉ်မောင်းထွက်ပြေး

နေပြည်တော် ၂၅ စက်တင်ဘာ

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-မအီကားလမ်း မိုင်တိုင်အမှတ် (၁၈/၂-၃)ကြား၌ စက်တင်ဘာ ၂၄ ရက် ညနေ ၅ နာရီခွဲတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ ၅ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အမ်းမြို့နယ်၊ သံပုရာကျေးရွာဘက်မှ အမ်းမြို့ဘက်သို့ ညီကေးမောင်းနှင်ပြီး မဲကမ်းထောင်းကျေးရွာနေ ဖိုးခေါင်ချေ (ခ) ကျော်မြင့်နိုင် (၃၃)နှစ်နှင့် မြေပုံမြို့နယ်၊ ကိုရန်ပြင် ကျေးရွာနေ ဦးဘလှိုင် (၂၉)နှစ်ပါ ၆ ဦး စုစုပေါင်း ၇ ဦးလိုက်ပါလာသည့် ဒေသထွက် သင်ပုန်းသား ၂ တန်ခန့် တင်ဆောင်လာသော 9P/xxxx CHENGLONG ၆ ဘီးယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်သို့ တိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်မောင်း ညီကေးမှာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုကြောင့် ဖိုးခေါင်ချေ (ခ) ကျော်မြင့်နိုင်ပါ ၅ ဦးတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဘလှိုင်ပါ ၂ ဦးတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ညီကေးအား တပ်တောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား