အမျိုးသမီးဖူဆယ်လိဂ် ပွဲစဉ်(၉) အပြီးတွင် ထိပ်ဆုံးမှ YRG အသင်း ရှစ်မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်

ရန်ကုန်  ဇူလိုင်  ၂၉

အမျိုးသမီးဖူဆယ်လိဂ် ပွဲစဉ်(၉)ကို ဇူလိုင် ၂၉ ရက်က  ရန်ကုန်မြို့  သုဝဏ္ဏဘောလုံးကွင်းရှိ MFF  ဖူဆယ်အားကစားရုံ၌ ကျင်းပရာ  YRG အသင်း နိုင်ပွဲရယူပြီး ဆက်လက်ဦးဆောင်လျက်ရှိသည်။

ပွဲစဉ်(၉) တွင် YRG အသင်းက  Divine အသင်းကို တစ်ဂိုး-ဂိုးမရှိ၊  ရန်ကုန်စီးတီးအသင်းက Winner Generations အသင်းကို သုံးဂိုး-တစ်ဂိုး၊ အား/ကာ သိပ္ပံအသင်းက  Thunder Tigresses  အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ Pacific Sun Far အသင်းက မင်္ဂလာဒုံစီးတီးအသင်းကို ၁၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ သည်။ ဇယားထိပ်ဆုံးမှ  YRG အသင်းသာ အနိုင်ရပြီး ဒုတိယနေရာမှ Thunder Tigresses  အသင်း နှင့် တတိယနေရာမှ Divine အသင်းတို့ နိုင်ပွဲထပ်ပျောက်ခဲ့သဖြင့် အမှတ်ပိုပြတ်သွားခြင်း ဖြစ်သည်။      

ရှိုင်းထက်ဇော်