အမျိုးသားလွှတ်တော်သို့ ဧည့်သည်များလာရောက်လေ့လာ

နေပြည်တော် ၅ နိုဝင်ဘာ

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ဦးဆောင်မှုဖြင့် ပဉ္စမအကြိမ် လူငယ်ရေပညာရှင်များ လေ့ကျင့်ပျိုးထောင်ရေးသင်တန်း (YWP Programme – 5th Batch) ၏ သင်တန်းသား၊ သင်တန်းသူများနှင့် ကြီးကြပ်သူများအပါအဝင် (၃၂) ဦးတို့သည် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပရာသို့ ယနေ့နံနက်ပိုင်းက တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

ယင်းနောက် နေ့လယ်ပိုင်းတွင် Oriental Reisen Co.,Ltd ၏ စီစဉ်မှုဖြင့် ဂျာမနီနိုင်ငံသား ဧည့်သည် ( ၂ ) ဦးတို့သည် အမျိုးသားလွှတ်တော်အဆောက်အဦများကို လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

Credit> အမျိုးသားလွှတ်တော်