အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၆၀၀,၀၀၀ ကျော်အထိ ဖြစ်သွားနိုင်ကြောင်း သမ္မတ ဘိုင်ဒင် သတိပေး ပြောကြား

၂၃ ဇန်နဝါရီ

 

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်က နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၆၀၀,၀၀၀ ကျော် အထိ ဖြစ်သွားနိုင်ကြောင်း သောကြာနေ့က သတိပေးလိုက်ပါတယ်။

 

ကမ္ဘာမှာ ကပ်ရောဂါပိုးကြောင့် ဆုံးရှုံးမှု အများဆုံး အမေရိကန်နိုင်ငံမှာ ပိုးကူးစက်ခံရသူ ၂၄.၆ သန်း နဲ့ ၄၁၀,၀၀၀  သေဆုံးနေချိန်မှာ သမ္မတသစ်က အခုလို သတိပေး လိုက်တာဖြစ်ပါတယ်။

 

သမ္မတက ကပ်ရောဂါကို ကျော်ဖြတ်ဖို့ လပေါင်းများစွာလိုအပ်တယ်။ ဒါပေမယ့် အားလုံးပြိုင်တူ တုံ့ပြန်ဖို့တော့ လိုအပ်ကြောင်း ထည့်သွင်း ပြောကြားပါတယ်။

 

ဗဟိုအစိုးရရဲ့ အစားအစာ ထောက်ပံရေးအစီအစဉ်နဲ့ လုပ်အားခ တိုးပေးမယ့် အမိန့်နှစ်ခုကိုလည်း သမ္မတသစ်က မနေ့က လက်မှတ်ရေးထိုးကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP

 

mdn