၂၆ နိုဝင်ဘာ
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၂,၄၀၀ ကျော် ရှိကြောင်း၊ အဲဒီအရေအတွက်ဟာ ခြောက်လအတွင်းမှာ အများဆုံးဖြစ်လာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်းမှာ ပိုးတွေ့ရှိသူ ၂၀၀,၀၀၀ နီးပါးရှိပြီး သေဆုံးသူဟာ ၂,၄၃၉ ဦးရှိကြောင်း ကြေညာပါတယ်။ အမေရိကန်နိုင်ငံမှာ ရောဂါပိုးကြောင့် သေဆုံးသူစုစုပေါင်း ၂၆၂,၀၈၀ ဦးကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီနေ့ကျရောက်တဲ့ ကျေးဇူးတော်နေ့ Thanksgiving မှာ ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံသားတွေဟာ ခရီးသွားလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ခရီးသွားသူနည်းသွားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လေဆိပ်တွေမှာ ခရီးသွားမယ့် လူအုပ်စုကြီး နဲ့ ပြည့်နှက်နေတဲ့ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရပါတယ်။
MDN
ကိုးကား - AFP