အမေရိကန်လွှတ်တော်အမတ်မှာ မျက်နှာဖုံးမပါတဲ့ ဓါတ်ပုံကြောင့် လေကြောင်းလိုင်းက လွှတ်တော်အမတ်ကို ဆက်သွယ်

၁၄ ဇူလိုင်

 

အမေရိကန်အောက်လွှတ်တော်အမတ် တတ်ဒ်ခရုစ်ဟာ လေယာဉ်ပေါ်မှာ မျက်နှာဖုံးဝတ်ဆင်ထားခြင်းမရှိတဲ့ ဓါတ်ပုံကြောင့် လေကြောင်းလိုင်းက လွှတ်တော်အမတ်ကို ဆက်သွယ်ခဲ့ရာ လွှတ်တော်အမတ်က သူဟာ အစားအသောက်စားရန်အတွက် မျက်နှာဖုံးကို ချွတ်ထားခြင်းဖြစ်ကြောင်း ပြန်လည်ပြောဆိုပါတယ်။

 

ကျန်းမာရေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေက နိုင်ငံရေးသမားတွေကို ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု တားမြစ်ရေးအတွက် စံပြအနေနဲ့ မျက်နှာဖုံးဝတ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။

 

လွှတ်တော်အမတ်ကို ဆက်သွယ်အပြီး လေကြောင်းလိုင်းက အစားအစာ စားသောက်ရာတွင် မျက်နှာဖုံး ဝတ်ဆင်ဖို့အတွက် မလိုအပ်ကြောင်း လေကြောင်းလိုင်းမှ စာထုတ်ထားပါတယ်။

 

တက္ကဆက် လွှတ်တော်အမတ် ခရုစ်ရဲ့ ဓါတ်ပုံမှာ မျက်နှာဖုံးဝတ်ဆင်ထားခြင်းမရှိဘဲ ကော်ဖီခွက်တစ်ဖက် ဖုန်းတစ်ဖက် ကိုင်ထားတဲ့ ဓါတ်ပုံဟာ လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပါတယ်။

 

လွှတ်တော်အမတ်ရဲ့ ပြောခွင့်ရသူက ခရုစ်ဟာ ကော်ဖီသောက်အပြီးမှာ မျက်နှာဖုံးကို ပြန်တပ်ခဲ့ကြောင်း၊ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ကျဆင်းအောင် ဆင်ခြင်ဉာဏ်နဲ့ လုပ်ဆောင်သွားရမယ်လို့ ပြောပါတယ်။

 

အမေရိကန်နိုင်ငံမှာ အခုလတွေအတွင်း မျက်နှာဖုံးဝတ်ဆင်ခြင်းဟာ နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ လုပ်ဆောင်နေပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ စနေနေ့က စစ်ဆေးရုံကို သွားရောက်စဉ်မှာ ပထမဦးဆုံးအကြိမ် မျက်နှာဖုံးဝတ်ဆင်တာကို မြင်တွေ့ကြရပါတယ်။

 

တက္ကဆက်ပြည်မှာ လူမြင်ကွင်းတွင် လူတိုင်း မျက်နှာဖုံးဝတ်ဆင်ဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားပါတယ်။

 

MDN

ကိုးကား - AFP