အမှောင်ခွင်း အလင်းဆောင်နေသော ကိုကိုးကျွန်းမြို့ရဲ့ ဖွံ့ဖြိုးမှု ပြယုဂ်

မောင်စိန်လွင်(မြန်မာ့အလင်း)

နိုင်ငံတော်အစိုးရသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ နိုင်ငံတစ်ဝန်း ဖြစ်ထွန်းလာအောင် အစဉ်တစိုက် ဆောင်ရွက်လျက်ရှိသည်။ မြို့ပြနှင့် ကျေးလက်ဒေသများသာမက ဝေလံခေါင်ဖျားနေရာဒေသများရှိ ပြည်သူများ၏ လူမှုစီးပွားဘဝအခြေအနေ ဖွံ့ဖြိုးတိုးတက်လာစေရေးကိုပါ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို တိုင်းရင်းသားပြည်သူအားလုံး ရပ်ဝေးဒေသများပါမကျန် ညီတူညီမျှခံစားရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်မှာ ယနေ့ကိုကိုးကျွန်းမြို့၏ ဖွံ့ဖြိုးတိုးတက်မှု ပြယုဂ်က သာဓက ပြခဲ့ပြီဖြစ်သည်။ 

ယင်းသို့ ဆောင်ရွက်ရာတွင် ဘက်စုံထောင့်စုံ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းမြှင့်တင် ဆောင်ရွက်လျက် ရှိပြီး ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအဆောက်အအုံဖြစ် သော လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား ရရှိရေးတို့ကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ သည်။ ယင်းအထဲမှ သာဓကတစ်ခုကို ပြရမည်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်ပင် ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်သည် ကမ်းရိုး တန်းဒေသနှင့် ဝေးကွာသော ကျွန်းမြို့နယ် တစ်ခုဖြစ် သည်။ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားပေး နိုင်ခြင်း မရှိသည့်အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းက ဒီဇယ်ဆီသုံးမီးစက်များဖြင့် နေ့စဉ်အချိန် အကန့်အသတ်ဖြင့်သာ ယခင်က ဓာတ်အား ဖြန့်ဖြူးပေးနေရာမှ ယခုအခါ ၂၄ နာရီ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်အောင် အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဆောင်ရွက် ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အမြင့်ဆုံးသုံးစွဲနိုင်မှု

ကိုကိုးကျွန်းမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး (တောင်ပိုင်း)ခရိုင်အတွင်းရှိပြီး ရန်ကုန်မြို့မှ ရေမိုင် ၂၆၀ အကွာအဝေးတွင် တည်ရှိသည်။ ဧရိယာအားဖြင့် ၁၈ စတု ရန်းမိုင်ခန့်ကျယ်ဝန်းကာ အိမ်ထောင်စုဦးရေ ၂၆၇ စု လူဦး ရေစုစုပေါင်း ၁၀၄၃ ဦး နေထိုင်လျက်သည်။ ကိုကိုးကျွန်း မြို့နယ်ရှိ ပြည်သူများအနေဖြင့် ယခင်က ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ၃၁၅ ကေဗွီအေ ဒီဇယ်မီးစက်ဖြင့် နေ့စဉ် ညနေ ၆ နာရီမှ ည ၁၂ နာရီအထိ တစ်နေ့လျှင် ခြောက်နာရီကြာ အချိန်အကန့်အသတ် ဖြင့်သာ ဓာတ်အားပေးခဲ့ရပြီး အမြင့်ဆုံးသုံးစွဲနိုင်မှု ဝန်အား မှာ ၁၂၀ ကီလိုဝပ် ခန့်သာရှိခဲ့သည်။ 

စတင်ဆောင်ရွက်

ယခုအခါ ကိုကိုးကျွန်းမြို့နယ်အား ဓာတ်အားစနစ် (Grid) ပြင်ပ သီးခြားဓာတ်အားပေးစနစ်ဖြင့် ၂၄ နာရီ စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေး ၀ ဒသမ ၅ မဂ္ဂါဝပ် တပ်ဆင်အင်အားရှိသော နေရောင်ခြည်စွမ်းအင်သုံး "Solar + Battery + Diesel Generator” Hybrid System ဓာတ်အားပေးစနစ်ဖြင့် ဓာတ်အားပေးနိင်ခဲ့ပြီဖြစ်သည်။
 
ယင်းသို့ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်း သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉ -၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရန်ပုံငွေဖြင့် လျာထား၍ အဆင့်ဆင့်တင်ပြကာ တင်ဒါခေါ်ယူ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တင်ဒါတင်သွင်းသည့် ကုမ္ပဏီ ကိုးခုအနက် တင်ဒါစည်းမျဉ်းစည်းကမ်းနှင့်အညီ Kyocera Communication Systems Kinetic Myanmar Co., Ltd. ကို စိစစ်ရွေးချယ်ကာလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်၇ ရက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

ကိုကိုးကျွန်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ပေးစက်ရုံသည် "Solor + Battery + Diesel Generator" Hybrid System ဓာတ်အားပေးစနစ်ဖြစ်ပြီး ဆိုလာတပ် ဆင်အင်အား ၅၃၇ ဒသမ ၆ ကီလိုဝပ် ၀ ဒသမ ၅၃၇၆ မဂ္ဂါဝပ်ရှိကာ Jinko Solar အမျိုးအစားဖြစ်သည်။ Solar Module တစ်ခုလျှင် 400 WP ရှိသော Solar Module ၁၃၄၄ ခုကို တပ်ဆင်ထားသည်။ Smart Microgrid Inverter အမျိုးအစားကို တွဲဖက်အသုံးပြုထားပြီး တစ်ခု လျှင် ၁၂၀ ကီလိုဝပ်ရှိသော Inverter လေးလုံးမှ စုစုပေါင်း ၄၈၀ ကီလိုဝပ် တပ်ဆင်အသုံးပြုထားသည်။ ဓာတ် အားသိုလှောင်သုံးစွဲသည့် ဘက်ထရီမှာ တစ်ခုလျှင် 268 8 KWh ရှိ Lithium ဘက်ထရီ လေးခု စုစုပေါင်း 1075 . 2 KWh တို့ ပါဝင်သည့်အပြင် ၅၀၀ ကေဗွီအေ အင်အားရှိ ဒီဇယ်မီးစက် တစ်လုံးလည်း တပ်ဆင်အသုံးပြုထား ကြောင်း သိရသည်။

ဓာတ်အားပေးစနစ်

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး “Solor + Ba- ttery + Diesel Generator” Hybrid System ဓာတ်အား ပေးစက်ရုံသည် နေ့အချိန်များတွင် နေရောင်ခြည်စွမ်း အင်ဖြင့် တိုက်ရိုက်အသုံးပြုနိုင်ပြီး တစ်ပြိုင်တည်းမှာပင် နေရောင်ခြည်စွမ်းအင်မှ ရရှိလာသော လျှပ်စစ်စွမ်းအင်ကို ဘက်ထရီများသို့ အားဖြည့် သိုလှောင်ပေးထားခြင်းဖြစ်ကာ ညအချိန်တွင် နေ့ဘက် သိုလှောင်ထားရှိခဲ့သည့် ဘက် ထရီများမှ လျှပ်စစ်ဓာတ်အားကို ပြန်လည်ထုတ်လွှတ် ဓာတ်အားပေးနိုင်ခြင်းဖြစ်သည်။ ထွက်ရှိလာသော ဒီစီ လျှပ်စစ်ဓာတ်အားများကို အင်ဗာတာဖြင့် အေစီဓာတ်အား စနစ်သို့ ပြောင်းလဲဓာတ်အားပေးခြင်းဖြစ်သည်။ ရာသီ ဥတုအခြေအနေကြောင့် နေရောင်ခြည်ရရှိမှု နည်းပါးသည့်အခါများတွင် ဒီဇယ်အင်ဂျင်မှ ဓာတ်အားဖြည့်ကူထုတ်လုပ်ပေးနိုင်သော ဓာတ်အားပေးစနစ်လည်း ထပ်မံ ဖြည့်စွက်ထားသည်။ 

နိုင်ငံတကာအဆင့်မီဓာတ်အားပေးစက်

အဆိုပါ ဓာတ်အားပေးစက်ရုံသည် မြေနေရာ အကျယ်အဝန်း သုံးဧကခန့်ပေါ်တွင် ဂျပန်နိုင်ငံ Kyocera ကုမ္ပဏီ၏ ဒီဇိုင်းတွက်ချက်မှုဖြင့် တပ်ဆင်တည်ဆောက် ထားသော ဓာတ်အားပေးစက်ရုံဖြစ်ပြီး မီးစနစ်များအနေ ဖြင့် အလိုအလျောက် မီးသတိပေးနှင့် မီးသတ်စနစ်၊ မိုးကြိုးလွဲစနစ်နှင့် မြေဓာတ်ချစနစ်၊ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ပေးသည့်စနစ်၊ CCTV ခေတ်မီလုံခြုံရေးစနစ်၊ အဝေးထိန်း ဆက်သွယ်သတင်း ရယူနိုင်သည့်စနစ်၊အနာဂတ်ကာလတွင် ဝန်အားတိုးတက် လာပါက အလွယ်တကူ ထပ်မံတိုးချဲ့ ဓာတ်အားပေး နိုင်သည့်စနစ်၊ ဆိုလာပြားများ သန့်ရှင်းရေးဆောင်ရွက်ပေးနိုင်မည့် ရေဖျန်းပိုက်လိုင်းစနစ်နှင့် နေရောင်ခြည်ရရှိမှု အပေါ် အလိုအလျောက် ထိန်းညှိမောင်းနှင်ပေးနိုင်သည့် စနစ်စသည်တို့ကို အသုံးပြု တပ်ဆင်ထားသည့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ဓာတ်အားပေးစက်ရုံ ဖြစ်သည်။ 

စီမံကိန်း စတင်ဆောင်ရွက်စဉ်ကတည်းက မြေပြင် လုံခြုံရေး အကန့်အသတ်များ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများ၊ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ မပျံ့နှံ့နိုင်ရေး စည်းမျဉ်းစည်းကမ်း အကန့် အသတ်များ၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံ ကိန်းဆိုင်ရာပစ္စည်းများ၊ အင်ဂျင်နီယာများနှင့် ကျွမ်းကျင် လုပ်သားများ ပို့ဆောင်ပေးရသည့် ရန်ကုန်- ကိုကိုးကျွန်း သင်္ဘော ခရီးစဉ်မှာလည်း အကြိမ်အရေအတွက် အကန့် အသတ်ဖြင့်သာ ပြေးဆွဲပေးနိုင်သည့်အတွက် အချိန်ကာ လ အကန့်အသတ်များစသည့် အခက်အခဲများကြားမှ ယခုကဲ့သို့ အောင်မြင်ခဲ့၍ အမှောင်ခွင်း အလင်း ဆောင်နိုင်သော ဖွံ့ဖြိုးမှုအသီးအပွင့်ကို ရရှိခဲ့ခြင်းဖြစ် သည်။
 
ယင်းသို့ အကန့်အသတ် အခက်အခဲများကြားမှ ကြိုး ပမ်းတည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဓာတ်အားစမ်းသပ်မောင်း နှင်ခြင်းလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ကိုကိုးကျွန်းမြို့နယ်အနေဖြင့် ၂၄ နာရီ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်သည့် သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင် ခဲ့သည်။ ထို့ကြောင့် ကိုကိုးကျွန်းမြို့နယ်နေ ပြည်သူများ အနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် (၇၃) နှစ် ပြည့်မြောက်သော မြန်မာ့လွတ်လပ်ရေးနေ့ အောင်ပွဲနှင့် အတူ ၂၄ နာရီ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု အောင်ပွဲကို ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပနိုင်ခဲ့သည်မှာ မှတ်တမ်းသစ်တစ်ရပ်ပင် ဖြစ်သည်။
 
သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ် အား ၂၄ နာရီ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးနိုင်ခဲ့မှုသည် နိုင်ငံတော်အစိုးရ၏ ပြည်သူ တို့အတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်း ချက်တစ်ရပ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့က ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ပေးနိုင်ခြင်းဖြစ်သည့်အပြင် အစိုးရ ဌာန အဖွဲ့အစည်းများနှင့် ပြည်ပူတို့၏ ပူးပေါင်း ဆောင် ရွက်မှုကြောင့် ဖွံ့ဖြိုးတိုးတက် အောင်မြင်မှု အသီးအပွင့် ရလဒ်တစ်ခုပင် ဖြစ်ပါကြောင်း။ ။