အလုပ်ခွင်ထိခိုက်‌မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ထုတ်ပေး

ရန်ကုန် ဩဂုတ် ၃

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ရွှေလင်ဗန်း စက်မှုဇုန်ရှိ ရွှေငါးနိုင်လွန်ကြိုးစက်ရုံမှ အာမခံအလုပ်သမား ဦးအောင်ကျော်မင်း၏ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ပေးအပ်ခြင်းကို ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။

 

ရှင်းလင်းပြောကြား

ဦးစွာ တိုင်းဒေသကြီး တာဝန်ခံအရာရှိက အလုပ်ရှင်၊ အလုပ်သမားများအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းခွင်ထိခိုက်‌သေဆုံးခြင်း၊ ကျန်ရစ်သူအကျိုးခံစားခွင့်အတွက် ခွင့်ပြုငွေကျပ် ၁၄၄၉၉၀၀၀ ကို ကျန်ရစ်သူ ဇနီး ဒေါ်ခိုင်မာဝင်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)