အလီ၏ ပယ်နယ်တီဂိုးဖြင့် စပါးအသင်းနိုင်ပွဲဆက်၊ မန်ယူသရေကျပြီး ချယ်လ်ဆီးနိုင်

 

ဩဂုတ် ၂၃

ပရီမီယာလိဂ် ပွဲစဉ် (၂) အဖြစ် ဝုဖ်အသင်းနှင့် စပါးအသင်းတို့ ပွဲစဉ်ကို ဩဂုတ် ၂ ရက် ညပိုင်းက ဝုဖ် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ စပါးအသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ စပါးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၉ မိနစ်တွင်အလီက ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။

အလီသည် ယနေ့ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် လိဂ် ပြိုင်ပွဲတွင် ၁၇ လကြာ ဂိုးပေါက် ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့သည်။

အဆုံးသတ်မသေချာ ဝုဖ်အသင်းသည် ပြီးခဲ့သည့် ပွဲစဉ်မှ ရှုံးနိမ့်မှုကို ယနေ့ပွဲစဉ်တွင် ချေဖျက်နိုင်ရန်အတွက် ဂျီနီနက်ဇ်၊ ထရာအိုရေး၊ ထရင်ကာအိုတို့ဖြင့် ပွဲထွက်လာခဲ့သည်။ ပြိုင်ဘက် စပါးအသင်းက နိုင်ပွဲဆက်လက် ရယူရန်အတွက် ဘာ့ဂ်ဝင့်၊ ဆွန်၊ မော်ရာတို့ဖြင့် ပွဲထွက်လာခဲ့သည်။ ဝုဖ်အသင်းသည် ယနေ့ပွဲစဉ်တွင် စပါးအသင်းကို ဖိအားပေးကစား နိုင်ခဲ့သော်လည်း အသင်းလိုက် စွမ်းဆောင်ရည်ပိုင်း လိုအပ်ချက်ရှိမှု၊ အဆုံးသတ်ပိုင်း မသေချာမှုတို့ကြောင့် ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

စပါးအသင်းသည် ဝုဖ် အသင်းဘက်သို့ စုစုပေါင်း ဂိုးကန်သွင်းချက် ရှစ်ကြိမ်တွင် ခြောက်ကြိမ်အထိ ဂိုးပေါက်တည့်မတ်မှု ရှိခဲ့သောကြောင့် အသင်းတိုက်စစ်ပိုင်းထက်မြက်မှုရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။ ဝုဖ်အသင်းသည် စပါးအသင်းထက် ဂိုးကန်သွင်းမှု သိသိသာသာ အသာရခဲ့သော်လည်း စပါးခံစစ်ပိုင်းက ကောင်းမွန်စွာ ရှင်းထုတ်နိုင်မှုကြောင့် လိုအပ်နေသည့် ဂိုးနှင့်ဝေးကွာခဲ့ရသည်။

စပါးအသင်းသည် ယနေ့ပွဲစဉ် တွင် အနိုင်ရရှိခဲ့သောကြောင့် ပရီမီယာလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂) အပြီးတွင် နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ်ခြောက်မှတ် ရရှိထားသည်။ ပြိုင်ဘက် ဝုဖ်အသင်းက နှစ်ပွဲကစားထားပြီး နှစ်ပွဲစလုံး ရှုံးနိမ့် ထားသည့်အတွက် ရမှတ် မရရှိသေးပေ။

အခြားသော ပွဲစဉ်အဖြစ် ဆောက်သမ်တန်နှင့် မန်ယူအသင်းတို့ပွဲတွင် တစ်ဖက်တစ်ဂိုး စီဖြင့် ပွဲပြီးဆုံးခဲ့သည်။

ဆောက်သမ်တန်အသင်းသည် ပရီမီယာလိဂ် နှစ်ပွဲကစားပြီး တစ်ပွဲရှုံး၊ တစ်ပွဲသရေဖြင့် တစ်မှတ် ရရှိထားသည်။ မန်ယူအသင်းက နှစ်ပွဲကစားတစ်ပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် လေးမှတ်ရ ရှိထားသည်။

အာဆင်နယ်နှင့် ချယ်လ်ဆီး ပွဲတွင် ချယ်လ်ဆီးက နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရသည်။

အောင်ဇော်