အက်သလက်တီကိုမက်ဒရစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ရီးယဲလ်မက်ဒရစ်အသင်း စပိန်စူပါဖလား ဆွတ်ခူး

၁၄  ဇန်နဝါရီ

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ စပိန်စူပါဖလား နောက်ဆုံး ဗိုလ်လုပွဲစဉ် အဖြစ် ဇန်နဝါရီ ၁၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရီးယဲလ်မက်ဒရစ် အသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ကာ စပိန်စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ။

အဲဒီပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့အပြင် အချိန်ပို မိနစ် ၃၀ မှာလည်း ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ ရီးယဲလ်မက်ဒရစ်အသင်းက ကာဗာဂျယ်၊ ရိုဒရီဂို၊ လူကာမိုဒရစ်နဲ့ ရာမို့စ်တို့ ပင်နယ်တီသွင်းဂိုးတွေ အသီးသီးဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ ဆာအူးလ်နီဂတ်ဇ်နဲ့ သောမက်စ်တို့ဟာ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းက လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး စပိန်စူပါ ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်စူပါဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပေမယ့် အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဗယ်လ်ဗာဒီကတော့ ပွဲကစားချိန် ၁၁၅ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ငွေကြယ်