အက်ပဲလ်ကုမ္ပဏီက ဖိုက်ဂျီ အိုင်ဖုန်းအမျိုးအစားသစ်ကို စတင်မိတ်ဆက်

ဝါရှင်တန် ၁၅ အောက်တိုဘာ

 

အမေရိကန်နည်းပညာကုမ္ပဏီကြီးဖြစ်သည့်   အက်ပဲလ်ကုမ္ပဏီက ပိုမို မြန်ဆန်သည့် ဖိုက်ဂျီဆက်သွယ်ရေးနည်းပညာသုံး အိုင်ဖုန်းအမျိုးအစား သစ်ကို စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။ အဆိုပါ အိုင်ဖုန်းအမျိုး အစားအသစ်သည် ကြိုးမဲ့ကွန်ရက်နည်းပညာသစ်ကို အသုံးပြုရန် ကုမ္ပဏီက မိတ်ဆက်လိုက်သည့် ကုန်ပစ္စည်းသစ်ဖြစ်သည်။

 

အောက်တိုဘာ ၁၃ ရက်က အွန်လိုင်းမှပြုလုပ်ခဲ့သည့် ပွဲတွင် အက်ပဲလ် ကုမ္ပဏီက အိုင်ဖုန်း ၁၂ ပစ္စည်းသစ်ကို ထုတ်ဖော်ပြသခဲ့သည်။ အက်ပဲလ် သည်  ဖိုက်ဂျီနည်းပညာကိုအထောက်အကူပြုမည့် မော်ဒယ်လ်အမျိုးအစား လေးခုကို ထုတ်လုပ်လျက်ရှိပြီး စံအရွယ်အစားမော်ဒယ်လ်အတွက် အမေရိကန်ဒေါ်လာ ၇၉၉ ဒေါ်လာမှ စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ပထမဆုံးထုတ်လုပ်သည့် အိုင်ဖုန်းများကို ယခုလနှောင်းပိုင်းတွင်စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။

 

အိုင်ဖုန်းအမျိုးအစားသစ်၏ ကင်မရာများမှာ ပိုမိုတိကျပြတ်သားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများ ရိုက်ကူးနိုင်ကြောင်း သိရသည်။ အက်ပဲလ်ကုမ္ပဏီ သည် ပုံမှန်အားဖြင့် ၎င်း၏ ပစ္စည်းသစ်များကို စက်တင်ဘာလတွင် မိတ်ဆက်လေ့ရှိသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးခဲ့ကြောင်း သိရသည်။ အက်ပဲလ်ကုမ္ပဏီ၏ ယှဉ်ပြိုင်ဘက်များ ဖြစ်သည့် ဆိုနီ၊ ဂူဂဲလ်၊ ဆမ်ဆောင်း အီလက်ထရွန်နစ်နှင့် ဟွာဝေးကုမ္ပဏီ တို့ကလည်း ဖိုက်ဂျီနည်းပညာသုံးဖုန်းများ ရရှိနေပြီဖြစ်ကြောင်း သိရသည်။

 

အင်န်အိတ်ခ်ျကေ