ဘရန့်ဖို့ဒ်အသင်းဟာ ပရီမီယာလိဂ် ပွဲစဉ်(၆)အဖြစ် အောက်တိုဘာ ၁၀ ရက် ညပိုင်းက အက်စ်တွန်ဗီလာအသင်းရဲ့ အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
ရှုံးပွဲမရှိစံချိန် ဆက်ထိန်း
အဲဒီပွဲစဉ်မှာ သရေရလဒ်သာထွက်ပေါ်ခဲ့ပေမယ့် ဘရန့်ဖို့ဒ်အသင်းဟာ လက်ရှိပရီမီယာလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အခုပွဲစဉ်မှာ ဘရန့်ဖို့ဒ်အသင်းနဲ့အတူ သွင်းဂိုးတစ်ဂိုးသွင်ယူနိုင်ခဲ့တဲ့ ခရစ္စတိုဖာဟာ ၂၀၂၄ ခုနှစ်က မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်နောက်ပိုင်း ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အက်စ်တွန်ဗီလာအသင်းနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ပွဲစဉ်မှာ သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့တာကြောင့် အက်စ်တွန်ဗီလာ အသင်းအနေနဲ့ ယခုဘောလုံးရာသီအိမ်ကွင်း ပထမဆုံးနိုင်ပွဲရရှိမယ့်မျှော်လင့်ချက်လည်း ဝေးကွာခဲ့ရတာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်အသင်းဟာ အက်စ်တွန်ဗီလာအသင်းနဲ့ပွဲစဉ်မှာ သရေတစ်မှတ် ရယူနိုင်ခဲ့လို့ ပရီမီယာလိဂ်ပွဲစဉ်(၆) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၁၀ မှတ် စုဆောင်းနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့်(၄)နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
အက်စ်တွန်ဗီလာအသင်းကတော့ ပရီမီယာလိဂ်ပွဲစဉ်(၆) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် (၁၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


