အိုင်အက်စ် စစ်သွေးကြွများအား နေရပ်ပြန်လည် ပေးပို့ရေး တူရကီ စတင်လုပ်ဆောင်

၁၂ နိုဝင်ဘာ

 

ဖမ်းဆီးမိထားသော အိုင်အက်စ် စစ်သွေးကြွ အုပ်စုအဖွဲ့ဝင် နိုင်ငံခြားသားများကို နေရပ်ပြန်ပို့ရေး စတင်လုပ်ဆောင်နေပြီဟု တူရကီတို့က ဆိုသည်။

 

အဆိုပါ စစ်သွေးကြွအုပ်စုတွင် နိုင်ငံပေါင်း ၈၀ ကျော်မှ လူပေါင်း ၄၀ဝ၀ဝ ကျော် ပါဝင်ကြောင်းနှင့် ၎င်းတို့ထဲမှ ၁၂၀ဝ ခန့်ကို ဖမ်းမိထားကြောင်း ဖော်ပြထားသည်။

 

အိုင်အက်စ်အဖွဲ့ဝင် တစ်ဦးဖြစ်သော အမေရိကန် နိုင်ငံသား တစ်ဦးကို တူရကီနိုင်ငံမှ ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒေသခံ မီဒီယာများကို ယမန်နေ့က ပြောကြားခဲ့သည်။

 

ဂျာမန်နှင့် ဒိန်းမတ် နိုင်ငံသားကိုလည်း တနင်္လာနေ့ နောက်ပိုင်းတွင် ပြည်နှင်ဒဏ် ပေးမည်ဖြစ်ပြီး ပြင်သစ်နိုင်ငံသား ၁၁ ဦးကို ပြန်ပို့ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု ထိုပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

 

တူရကီနိုင်ငံသည် နိုင်ငံခြားသား အကြမ်းဖက် သမားများအတွက် တည်းခိုရာ ဟိုတယ်တစ်ခု မဟုတ်ကြောင်း ဖော်ပြထားသည်။

 

တစ်ချို့သော နိုင်ငံများသည် ၎င်းတို့ကို လက်ခံရန် အခက်တွေ့နေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို