ရေဂျာဗတ် စက်တင်ဘာ ၁၄
အိုက်စလန်အစိုးရသည် နိုင်ငံအတွင်း စီးပွားဖြစ်ဝေလငါးဖမ်းဆီးခြင်းမှ တားမြစ်မည့်ဥပဒေကြမ်းတစ်ရပ်ကို လာမည့်နှစ် ဖေဖော်ဝါရီတွင် ပါလီမန်သို့တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
၎င်းဥပဒေကြမ်းအား အတည်ပြုခဲ့ပါက ဝေလငါးဖမ်းဆီးခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သည့် နိုင်ငံများအဖြစ် ဂျပန်နှင့်နော်ဝေနိုင်ငံတို့သာ ကျန်ရှိတော့မည်ဖြစ်သည်။
ယခုကဲ့သို့ နိုင်ငံအတွင်း ဝေလငါးဖမ်းဆီးမှုရပ်တန့်မည့် ကြေညာချက်အား အိုက်စလန်အစိုးရက စက်တင်ဘာ ၉ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဝေလငါးဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့တစ်ခု၏ အစီရင်ခံစာအပေါ် အခြေခံသည်ဟု သိရသည်။ ယခုနှစ်အတွင်း ဝေလငါးကောင်ရေ ၈၀ ကို ဖမ်းဆီးရမိကြောင်း သိရသည်။
ယခုတင်သွင်းမည့် ဥပဒေကြမ်းအတွက် နိုင်ငံသားများထံမှ ထောက်ခံမှုရရှိမည်ဟု မျှော်လင့်ထားကြောင်း တိရစ္ဆာန်လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ


