ဇူလိုင် ၃၁
အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း မဟာရပ်ရှထရာပြည်နယ်တွင် ယမန်နေ့ညနှောင်းပိုင်းက အထပ်မြင့် အဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့ရာ ယင်းအပျက်အစီးများအောက်တွင် ကိုးဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ပိတ်မိနေခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ယနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
အဆိုပါပြိုကျမှုသည် နိုင်ငံ၏ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းအနီးရှိ ယင်းပြည်နယ်၏ ဘီဝမ်ဒီဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ညလုံးပေါက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူအနည်းငယ် အပျက်အစီးအောက်တွင် ပိတ်မိနေဆဲဖြစ်သည်ဟုယူဆရပြီး ၎င်းတို့ကို ကယ်ထုတ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


