အိန္ဒိယနိုင်ငံမှာ ဂူဂယ်က ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်

၁၅ ဇူလိုင်

 

 

အိန္ဒိယနိုင်ငံမှာ ဂူဂယ်(Google ) က အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကို နောက်ငါးနှစ်ကနေ ခုနှစ်နှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမယ်လို့ တနင်္လာနေ့က ထုတ်ပြန်ကြေညာပါတယ်။ ပြိုင်ဘက် ကုမ္ပဏီတွေဖြစ်တဲ့ Facebook နဲ့ Amazon တို့လည်း ရှိထားသော လူဦးရေ ၁.၃ ဘီလီယံရှိသော အိန္ဒိယ ဈေးကွက်မှာ ဂူဂယ်က ထပ်မံ ရင်းနှီးမြှုပ်နှံလိုက်တာ ဖြစ်ပါတယ်။

 

 

အိန္ဒိယနိုင်ငံရှိ ဂူဂယ်ရုံးရဲ့ အကြီးအကဲ ဆူဒါ ပီချိုင်းက အိန္ဒိယနိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေး တိုးတက်အောင် ကူညီလုပ်ဆောင် ပေးတာဖြစ်ပြီး အခု ရင်းနှီးမြှုပ်နှံမှူမှာ ဒစ်ဂျစ်တယ် ငွေပေးငွေချေမှု၊ ဒစ်ဂျစ်တယ် ပညာရေးနဲ့ ကျန်းမာရေးတို့အတွက် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အတွက်ပါ ပါဝင်ကြောင်း သိရပါတယ်။

 

 

ဂူဂယ်အကြီးအကဲက ဆက်ပြောရာတွင် အိန္ဒိယနိုင်ငံနဲ့ နိုင်ငံတကာမှာ သူတို့ကုမ္ပဏီ အနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်ဆိုတာ မေးစရာမလိုအောင် ထင်ရှားနေပါတယ်။ ဒါပေမယ့် လူတွေ ဘယ်လိုနေထိုင် အလုပ်လုပ်မလဲ ဆိုတာကို ပြန်စဉ်းရမယ့် အချိန်ဖြစ်နေတယ်။ အခုလို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တီထွင်မှုတွေဆီကို ဦးတည်သွားနေကြောင်း ပီချိုင်းက ပြောပါတယ်။

 

 

အခုနှစ်ပိုင်းမှာ ဂူဂယ်က အမေရိကန်ဒေါ်လာ ဘီလီယံ ဆယ်ချီပြီး ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ပါတယ်။

 

 

ပီချိုင်းက တနင်္လာနေ့မှာ ဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံပြီး ဂူဂယ်ရဲ့ အနာဂတ် အစီအစဉ်ကို ရှင်းပြခဲ့ပေမယ့် အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဝန်ကြီးချုပ် မိုဒီက အချက်အလက် လုံခြုံရေးကို စိုးရိမ်မှုရှိကြောင်း ပြောပါတယ်။

 

 

MDN

ကိုးကား - AFP

2429