အီတလီနိုင်ငံသား ကမ္ဘာလှည့်စက်ဘီးစီးအဖွဲ့ အင်းလေးဒေသအတွင်း လေ့လာလည်ပတ် ရွှေအင်းတိန်မွေတော်ဘုရားမှ ညောင်ရွှေမြို့သို့ စက်ဘီးစီးနင်း

ညောင်ရွှေ    ၂၃ ဇန်နဝါရီ 

 

အီတလီနိုင်ငံ Veneto ဒေသ Porto Viro ခရီးသည် လေးဦးပါ စက်ဘီးစီးအဖွဲ့သည် ယနေ့ နေ့လယ် ပိုင်းတွင် အင်းလေးကန်အနောက်ဘက်ခြမ်းရှိ ကျေးရွာများသို့ သွားရောက်လေ့လာလည်ပတ်ကြပြီး ညနေ နာရီတွင် ရွှေအင်းတိန်မွေတော်ဘုရားမှ အင်းလေးကန်ပတ်လမ်းအတိုင်း စက်ဘီးစီးနင်း၍ ပေါင်းပိုင်းလမ်းခွဲမှတစ်ဆင့် ညောင်ရွှေမြို့တွင်းသို့ တာပတ်လမ်းအတိုင်း စက်ဘီးစီးနင်းဝင်ရောက်လာရာ ညနေ()နာရီတွင် ညအိပ်တည်းခိုရာ Teak Wood Hotel သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ စက်ဘီးစီးအဖွဲ့ သွားရောက်ရာ လမ်းကြောင်းတစ်လျှောက်တွင် ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ကျန်းမာရေးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ညောင်ရွှေမြို့နယ် စက်ဘီးစီးဝါသနာရှင်များအဖွဲ့တို့မှ အတူလိုက်ပါ၍ အနီးကပ် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ