အီကွေဒေါနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရေကြီးရေလျှံခြင်းနှင့်မြေပြိုခြင်းများဖြစ်ပွား

ကွီတို   အောက်တိုဘာ  ၂၀

အီကွေဒေါနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုမှတစ်ဆင့် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများဖြစ်ပွားခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အတွင်းရေးမှူးရုံး၏   အောက်တိုဘာ ၁၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ပြောကြား

နိုင်ငံအတွင်းရှိ ကမ်းရိုးတန်းပြည်နယ်များဖြစ်သည့် အယ်အိုရို၊ လော့ရီယိုနှင့်  ဂူအေရတ်စ်အပါအဝင် အန်ဒန်ပြည်နယ် ဗိုလီဗာဒေသတို့တွင်  အောက်တိုဘာ ၁၈ ရက် ညမှ အောက်တိုဘာ ၁၉ ရက် အထိ မိုးအဆက်မပြတ်  ရွာသွန်းခဲ့ပြီး သဘာဝဘေး ၁၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း  အဆိုပါရုံးအကြီးအကဲ ကာရိုလီနာလိုဇီနိုက  ပြောကြားသည်။ လော့ရီယိုနှင့်   ဂူအေရတ်စ် ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုနှင့်  မြစ်ရေလျှံမှုများဖြစ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရန်အတွက်  အရေးပေါ်အဖွဲ့များကို တာဝန်ပေးစေလွှတ်ခဲ့ရသည်။

ဂူအေရတ်စ်ပြည်နယ်၏ မြို့တော်ဂူယာကွေးတွင်  နေရာဒေသပေါင်း ၅၀ ရေလွှမ်းမိုးခံခဲ့ရကြောင်း ဒေသတွင်းမီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသည့်နေရာများအနက် တန်ဂူကျေးလက်ဒေသတစ်ခုလည်း ပါဝင်ပြီးထိုနေရာတွင် မြစ်ရေလျှံတက်လာမှုကြောင့် နေအိမ်များ ရေနစ်မြုပ်ခဲ့ရသည်။

ပညာရေးဝန်ကြီးဌာနသည် ဂါလာပါဂို့စ်ကျွန်းစုအပါအဝင် ပြည်နယ်ငါးခုမှ ရေဘေးသင့်ဒေသများတွင်   ကျောင်းတက်ရောက်မှုများကို ရပ်ဆိုင်းထားခဲ့ရသည်။

အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာမှုကြောင့် အီကွေဒေါနိုင်ငံတွင် ဩဂုတ် ၂၉ ရက်မှစတင်ကာ နိုင်ငံတစ်ဝန်း အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားပြီး အဆိုပါဖြစ်စဉ်သည် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

ဩဂုတ် ၂၉ ရက်မှစတင်၍ ရွာသွန်းခဲ့သော မိုးများကြောင့် ပြည်နယ် ၂၂ ခုတွင် လူသုံးဦးသေဆုံးခဲ့ပြီး လူပေါင်း ၂၃၁၆၇ ဦး ထိခိုက်ခံစားခဲ့ရကာ  နေအိမ်များနှင့် အသုံးအဆောင်များ  ပျက်စီးဆုံးရှုံးခဲ့ရသည်။       

ဆင်ဟွာ