အီး-စီးကရက်က နှလုံးကို ထိခိုက်စေကြောင်း လေ့လာတွေ့ရှိ

၇ နိုဝင်ဘာ

 

ဆယ်ကျော်သက် အရွယ်ကြားမှာ လူကြိုက်များနေတဲ့ E-စီးကရက်က နှလုံးသွေးပြန်ကြောစနစ်ကို ပျက်ဆီးနိုင်ကြောင်း၊ အီး-စီးကရက်နဲ့ ပတ်သတ်ပြီး သေဆုံးမှုတွေနဲ့ ဒဏ်ရာရရှိမှုတွေ ကြီးထွားလာတဲ့အတွက် စိုးရိမ်မှု ဖြစ်လာကြောင်း ဒီကနေ့ (ကြာသပတေးနေ့) မှာ ထုတ်ပြန် ပြောကြားပါတယ်။

 

ပြီးခဲ့တဲ့လက အမေရိကန်နိုင်ငံက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး အဖွဲ့ကလည်း အီး-စီးကရက်နဲ့ ဆက်နွယ်ပြီး အဆုတ်ဒဏ်ရာ ရရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

အီး-စီးကရက်ထဲမှာ နီကိုတင်းနဲ့ သတ္တုပါဝင်ခြင်း၊ လေထုညစ်ညမ်းမှုကို လေ့လာရာတွင်လည်း သေးငယ်တဲ့ အမှုန်အမွှားလေးတွေဟာ သွေးလှည့်ပတ်မှုထဲကို ရောက်ရှိပြီး နှလုံးဆီကို တိုက်ရိုက် ရောက်ရှိသွားကြောင်း ဒီကနေ့ ထုတ်ပြန်ချက်ကို ရေးသားတဲ့ အိုဟိုင်းယိုးတက္ကသိုလ်က အကြီးတန်း စာရေးဆရာ လိုရန် ဝေါ က ပြောပါတယ်။

 

တိုဘာကိုထဲမှာလည်း တွေ့ရှိနိုင်တဲ့ နီကိုတင်းဟာ နှလုံးခုန်နှုန်း မြန်စေနိုင်သလို သွေးတိုးစေနိုင်ပါတယ်။

 

အီး-စီးကရက်ထဲမှာ ဖော်မယ်ဒီဟိုက် ပါရှိရာ ဖော်မယ်ဒီဟိုက်က ကင်ဆာရောဂါကို ဖြစ်စေနိုင်ခြင်းနဲ့ နှလုံးကို ထိခိုက်စေကြောင်း ကြွက်နဲ့ စမ်းသပ်မှုကနေ တွေ့ရှိရပါတယ်။

 

အီး-စီးကရက်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ ၂၄ ပြည်နယ်မှာ လူပေါင်း ၃၇ ဦး သေဆုံးပြီး တစ်နိုင်ငံလုံးမှာ အဆုတ်ရောဂါရှင်ပေါင်း ၁,၉၀၀ ဦး နီးပါးရှိကြောင်း သိရပါတယ်။

 

ကမ္ဘာတစ်ဝန်းမှာ အီး-စီးကရက် သုံးစွဲသူက ၂၀၁၁ ခုနှစ်က ၇ သန်းရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၄၁ သန်းအထိ တိုးလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အမေရိကန်နိုင်ငံက အထက်တန်းကျောင်းများမှာ အီး-စီးကရက် သုံးစွဲသူဟာ နှစ်နှစ်အတွင်း ၁၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ အလယ်တန်းကျောင်းများမှာ ၂၀၁၈ ခုနှစ်ကထက် ၂၀၁၉ ခုနှစ်က နှစ်ဆဖြစ်လာပြီး အလယ်တန်း ကျောင်းသူကျောင်းသား ၁၀ ရာခိုင်နှုန်းက အီး-စီးကရက် သုံးစွဲကြောင်း ဝန်ခံထားပါတယ်လို့ အမျိုးသားလူငယ်ရေးရာ တိုဘာကို လေ့လာရေး ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

MDN

ကိုးကား - AFP