အောင်လံ စက်တင်ဘာ ၂
မကွေတိုင်းဒေသကြီး အောင်လံမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲကို တရော်ကုန်းအသင်းနှင့် ဒုရင်္ဂဗိုလ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တရော်ကုန်းအသင်းက ဒုရင်္ဂဗိုလ်အသင်းကို ငါးဂိုး - တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များက အသင်းအလိုက် ပထမဆုရရှိသည့် တရော်ကုန်းအသင်း၊ ဒုတိယဆုရရှိသည့် ဒုရင်္ဂဗိုလ်အသင်း၊ တတိယဆုရရှိသည့် မိုးဖုံးအသင်းတို့အား ဆုဖလားနှင့် ငွေသားဆုများ၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဆုရ အားကစားသမားများအား ဂုဏ်ပြုဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)


