အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၌ လူငယ်ရေးရာ အသိပညာပေးဟောပြော

နေပြည်တော် ဩဂုတ် ၁၃

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့န ံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အမှာစကားပြောကြားပြီး အခမ်းအနားမှူးက စာရေးဆရာ ကိုရွှေအောင်သင်း၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားကာ စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့် အနာဂတ်နိုင်ငံတော်”ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောသည်။

 

ထို့နောက် ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည့် မေးခွန်းများ ပြန်လည်ဖြေကြားပြီး မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ကြသည့် ကျောင်းသားများအား အမှတ်တရလက်ဆောင်နှင့် ကိုယ်တိုင်ရေးစာအုပ်များကို ပေးအပ်ချီးမြှင့်သည်။ 

 

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာက အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အောင်မျိုးထွန်း(ဇမ္ဗူသီရိ)