အစားအသောက်တွေကို အသီးအရွက်တွေနဲ့ ပိုမိုအသက်ဝင်လာစေမယ့် နည်းလမ်း ၁၀ မျိုး

အသီးအရွက်စားခြင်းက သင့်ခန္ဓာကိုယ်သာမက သင့်ဦးနှောက် လုပ်ဆောင်ချက်များအတွက် လိုအပ်သည်။ထိုကျန်းမာစေသော အစားကိုမစားပါက အစာခြေစနစ်တွင် ပြသာနာ ဖြစ်စေနိုင်သည်။ အသီးအရွက်များကို ဘယ်လို စားသောက်နေထိုင်နိုင်သလဲ။

 

အသီးအရွက်ကင်စားပါ။

 

ပြုတ်စားတာကို မကြိုက်ပါက သင်ကင်စားနိုင်သည်။ အသီးများဖျော်သောက်ခြင်း အစိမ်းစားခြင်း မကြိုက်ပါက သေးသေးလေးစီ လှီးပြီး ကင်စားခြင်းကအရသာရှိနိုင်သည်။ ဟင်းသီးဟင်းရွက်များ ဥပမာ မှို၊ အာလူး၊ ငရုပ်သီး ကန်စွန်းဥ၊ မုန်လာဥ၊ ခရမ်းသီး အစရှိသည်တို့ကိုလည်း ကင်စားနိုင်သည်။ အသီးများဆိုလျင် နာနတ်သီးလည်း စားလို့ကောင်းသည်။

 

သင်ကြိုက်သောအစားအစာထဲသို့ အရွက်များထည့်စားပါ။

 

လှီးထားသော ကြက်သွန် အာလူး ပဲ ကိုသင်ကြိုက်သောအစာထဲထည့်စားခြင်းက အရသာရှိ စေရုံမက အာဟာရ ပမာဏကိုလည်းမြင့်စေသည်။

 

အီတလီဟင်းများထဲ ဟင်းသီးဟင်းရွက်ထည့်စားပါ။

 

အီတလီအစားအစာများ ဥပမာ ပါစတာကို အသီးအရွက်ထည့်စားခြင်းက အရသာ ရှယ်ကောင်းစေသည်။ ဥပမာ လှီးထားသောကြက်သွန် အာလူး ပဲ ငရုတ်သီး ဟင်းနုနွယ် များကိုသင့် ပါစတာဟင်းထဲထည့်စားနိုင်သည်။

 

အသီးအရွက်သုပ်များကို တီထွင်စားသုံးပါ။

 

လှီးထားသောကြက်သွန် အာလူးပဲသီး ငရုတ်သီး ဟင်းနုနွယ်အစရှိသည်ကို ထည့်သုပ်စားသောက်နိုင်သည်။

 

အသုပ်များမှကြိုက်တာရွေးစားပါ။

 

သင်အသီးအရွက် ထုပ်ထိုးမျိုးသိပ်မကြိုက်ပါက အသီးဟာနှင့်စားနိုင်သည်။ သူတို့က အစားအသောက် မှန်စေရုံမက အာဟာရပါဝင်မှုကိုလည်းမြင့်စေသည်။

 

မွေကြော်များကိုစားပါ။

 

သင်ဟင်းလျာအတွက် ပဲ မှို မှန်လာဥ ပန်းဂေါ်ဖီ စသည်တို့ကိုထည့်မွေစားသောက်နိုင်သည်။

 

သင့်အသားညှပ်ပါမုန့်ထဲ အသီးအရွက်ထည့်စားပါ။

 

လှီးထားသော ကြက်သွန် အာလူးပဲ ငရုပ်သီး ထောပတ်သီး ဟင်းနုနွယ် စသည်တို့ကိုထည့်စားနိုင်သည်။

 

ထိုပြင် အသီးပိုထည့်စားနိုင်သည်။

 

အသီးအရွက်ဖျော်ရည်လုပ်သောက်ပါ။

 

ကလေးများသာမက လူကြီးများလည်း ဖျော်ရည်ကိုကြိုက်သည်။ အမြင်လှသကဲ့သို့ အရသာလည်းရှိသည်။ လွယ်ကူစွာ သယ်ယူသောက်နိုင်ပြီး သင့်အစာခြေစနစ် အတွက်လည်းကောင်းသည်။ ခရမ်းချဉ်သီး ထောပတ်သီး မုန်လာဥ ဟင်းနုနွယ် စတော်ဘယ်ရီ အစရှိသည်တို့နှင့်လုပ်နိုင်သည်။

 

ကြက်ဥမွေကြော်အတွင်းသို့ထည့်စားပါ။

 

ထိုသို့ထည့်စားခြင်းက အရသာရှိစေရုံမက သင့်အရေပြားအတွက်လည်းကောင်းသည်။

 

ပုံမှန်လူများက အသီးအရွက်စားရန်ဆန့်ကျင်တတ်သည်။ အဘယ်ကြောင့်ဆိုသော် အသင့်စား အစား အမြန်စားအစာ အအေးများကပိုအရသာရှိနိုင်သည်။ ကံကောင်းစွာ ထိုအချက်များနှင့် သင်နေ့တိုင်း အစာကိုအရသာရှိပြီး အာဟာရပြည့်ဝစေသည်။

 

ရေးသားသူ Nadi ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်