အာရှနိုင်ငံတွေက ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေကို ဗိုင်းရပ်စ်ပိုးကြောင့် ၂၀၂၁ အထိ ရွှေ့ဆိုင်း

၁၂ ဩဂုတ်

 

 

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲနဲ့ ၂၀၂၃ အာရှဖလား ဘောလုံးပွဲတွေအတွက် အာရှနိုင်ငံတွေရဲ့ ခြေစစ်ပွဲတွေကို ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် နောက်နှစ်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း တာဝန်ရှိသူတွေက ဒီနေ့(ဗုဒ္ဓဟူးနေ့) မှာ ကြေညာလိုက်ပါတယ်။

 

 

ဒေသတွင်းမှာ အောက်တိုဘာနဲ့ နိုဝင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ ပွဲစဉ်လေးခုရဲ့ ပြိုင်ပွဲရက်တွေကို ထပ်မံ ကြေညာသွားမယ်လို့ ဆိုပါတယ်။  

 

 

ဖီဖာ (FIFA) နဲ့ အာရှဘောလုံးအဖွဲ့ချုပ် (AFC) က အားကစားသမားတွေရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ် ကင်းစင်ရေးကို ကာကွယ်ဖို့ ရည်ရွယ်ပြီး ပြိုင်ပွဲတွေကို ရွှေ့ဆိုင်းကြောင်း၊ ဒေသတွင်းက ဗိုင်းရပ်စ်ပိုး အခြေအနေကို အနီးကပ် လေ့လာနေကြောင်းနဲ့ ခြေစစ်ပွဲစဉ် ရက်တွေကို ထပ်မံ ကြေညာသွားမယ်လို့ FIFA နဲ့ AFC တို့ရဲ့ ပူးတွဲ ကြေညာချက်မှာ ပါရှိပါတယ်။

 

 

အာရှနိုင်ငံတွေအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေဟာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဒီနှစ်အတွက် ပွဲစဉ် ၄ ခုရဲ့ ပြိုင်ပွဲရက်တွေ ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။

 

 

၂၀၂၃ အာရှဖလား ပြိုင်ပွဲကို တရုတ်နိုင်ငံက လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား- AFP

2356