အာရှမသန်စွမ်းသူများအားကစားပြိုင်ပွဲ ပြေးခုန်ပစ်အားကစားနည်း မီတာ ၁၀၀ ပြိုင်ပွဲတွင် မလော်လာဝင်းက မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆု ထပ်မံဆွတ်ခူးရရှိ

ရန်ကုန်     အောက်တိုဘာ  ၂၁

ဂျပန်နိုင်ငံ  နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၅)ကြိမ်မြောက်  အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့  ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ  ယနေ့တွင် မြန်မာမသန်စွမ်းပြေးခုန်ပစ် အားကစားနည်းမှ  အားကစားသမား မလော်လာဝင်းက အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် စံချိန် ၁၄.၆၇ စက္ကန့်ဖြင့် မြန်မာနိုင်ငံအတွက်    တတိယကြေးတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

၂၀၂၆ ခုနှစ်  အောက်တိုဘာ ၂၂ ရက် (၅)ကြိမ်မြောက်  အာရှမသန်စွမ်းသူများ   အားကစားပြိုင်ပွဲတွင်   ရေကူး အားကစား နည်းမှ အားကစားသမား ညီညီလင်းထက်က အမျိုးသား မီတာ ၁၅၀ တစ်ဦးချင်း လေးမျိုးကူးပြိုင်ပွဲကို    လည်းကောင်း၊   ပြေးခုန်ပစ်အားကစားနည်းမှ အားကစားသမား ဒုတပ်ကြပ် စံတင်က မီတာ ၄၀၀ အပြေးပြိုင်ပွဲကို လည်းကောင်း၊ အားကစားသမား ဇော်မင်းထွန်းက အမြင့်ခုန်ပြိုင်ပွဲတို့ကိုလည်းကောင်း ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေဖြင့် (၅)ကြိမ်မြောက် အာရှမသန်စွမ်းသူများအားကစားပြိုင်ပွဲ ရေကူး၊  ပြေးခုန်ပစ် နှင့် တိုက်ကွမ်ဒိုအားကစားနည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ အောက်တိုဘာ ၂၁ ရက်အထိ မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွက် ရေကူးအားကစားနည်းမှ ကြေးတံဆိပ်နှစ်ခု၊ ပြေးခုန်ပစ်အားကစားနည်းမှ ကြေးတံဆိပ်တစ်ခု စုစုပေါင်း ကြေးတံဆိပ် သုံးခုတို့ကို ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်