ရန်ကုန် ဩဂုတ် ၁၆
စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၌ကျင်းပမည့် အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ပဏာမကစားသမား ၃၃ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး သြဂုတ် ၁၇ ရက် (ယနေ့) စတင်လေ့ကျင့်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ်သစ် ကောလင်းဘဲလ်သည် အာရှအားကစားပြိုင်ပွဲအတွက် တစ်လဝန်းကျင် အချိန်ယူပြင်ဆင်မည်ဖြစ်ပြီး ဧရာဝတီအသင်းမှ လက်ရွေးစင်ကစားသမား များနှင့် အငှားသွားရောက်ကစားနေသူများမှာ သြဂုတ် ၂၄ ရက်မှ အသင်းနှင့် ပူးပေါင်းနိုင်မည် ဖြစ်သည်။ ယခုဖွဲ့စည်းလိုက်သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ပဏာမလူစာရင်းတွင် ဂိုးသမား- မျိုးမြမြငြိမ်း(သစ္စာအားမာန်)၊ အိစန္ဒာဇော်(ဧရာဝတီ)၊ ဇူးလတ်နဒီ၊ ထက်အိန္ဒြာလင်း(အား/ကာသိပ္ပံ)၊ လှလှထွေး(ရတနာပုံ)၊ နောက်တန်း-မေသက်မွန်မြင့် (သစ္စာအားမာန်)၊ လင်းလဲ့ဦး၊ သန်းသန်းနွယ်(အား/ကာသိပ္ပံ)၊ ယုယုနိုင်၊ နန်းစနေမ(ရန်ကုန်ယူနိုက်တက်)၊ ဇွန်သဲဦး၊ ခင်မျိုးသန္တာထွန်း(ရှမ်းယူနိုက်တက်)၊ နှင်းပွင့်အေး(ကလပ်အသင်းမရှိ)၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ ခင်မိုးဝင်း (ဧရာဝတီ)၊ အလယ်တန်း-ဝင်းဝင်း၊ ယွန်းဝတီ၊ ဇင်မာထွေး(သစ္စာအားမာန်)၊ ခင်မာလာထွန်း၊ လင်းမြင့်မိုရ်(အား/ကာ သိပ္ပံ)၊ ဒေစီအောင်(ရန်ကုန်ယူနိုက်တက်)၊ နန်းဖြူဖြူသွယ်(ရှမ်းယူနိုက်တက်)၊ နော်ထက်ထက်ဝေ၊ နန်းခိုင်ဇင်မြင့် (ဧရာဝတီ)၊ ရှေ့တန်း-မြတ်နိုးခင်(သစ္စာအားမာန်)၊ ရွှေရည်ထွန်း (အား/ကာသိပ္ပံ)၊ စုစုကြည်၊ ဇင်မိုးပြည့်(ရန်ကုန်ယူနိုက်တက်)၊ ဝင်းသိဂီထွန်း(ရတနာပုံ)၊ ရူပါခိုင်(ရှမ်းယူနိုက်တက်)၊ စန်းသော်သော်နှင့် မေထက်လူ(ဧရာဝတီ)တို့ ပါဝင်ကြသည်။
မြန်မာအမျိုးသမီးအသင်းသည် အာရှအားကစားပြိုင်ပွဲတွင် မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။
မောင်ညီ


