အာဖဂန်နစ္စတန်တွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးမှုဖြစ်ပွားသဖြင့် သုံးဦးသေဆုံး

၂၉ မေ

အာဖဂန်နစ္စတန်နိုင်ငံ ဘာဒက်ရှန် ပြည်နယ်မြောက်ပိုင်း ယမ်ဂန်ခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှု ဖြစ်ပွားသဖြင့် သုံးဦး သေဆုံးပြီး အခြားသုံးဦး ပျောက်ဆုံးနေကြောင်း ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ ခေါင်းဆောင် အဗ္ဗဒူလာ ဟမရွန် က ယနေ့ပြောကြားခဲ့သည်။

ယမန်နေ့နှောင်းပိုင်းက ယမ်ဂန်ခရိုင်ရှိ နေရာတော်တော်များများကို မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း နှင့် နေအိမ်အများအပြား ရေစီးနှင့်မျောပါသွားကာ ရွာသားသုံးဦး သေဆုံးပြီး အခြားသုံးဦးပျောက်ဆုံးနေကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ ရေကြီးမှုကြောင့် ကာရှမ်ခရိုင်အနီးရှိ လယ်ယာမြေများနှင့်နေအိမ်အချို့ ပျက်စီးမှုများပြားသဖြင့် ထိခိုက် သေဆုံးသူဦးရေ များပြားနိုင်သည်ဟု ထိုတာဝန်ရှိသူ က ဆိုသည်။

ယင်းရေကြီးမှုဖြစ်ပွားသဖြင့် ထိခိုက်ဒဏ်ရာရရှိသော မိသားစုများကို ကြည့်ရှုစစ်ဆေးရန် ထိုဒေသသို့ ကယ်ဆယ်ရေးအဖွဲ့များ ပို့ဆောင်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို