အာဖဂန်နစ္စတန်နိုင်ငံ၏ မိခင်နှင့် ကလေး ၄ ဒသမ ၉ သန်း အာဟာရချို့တဲ့မှု အန္တရာယ်ရှိနေ

ကဘူးလ်   ဇူလိုင်   ၂၀

ယခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ မိခင်နှင့်ကလေး ၄ ဒသမ ၉ သန်းမှာ အရေးပေါ်အာဟာရဆိုင်ရာထောက်ပံ့မှု လိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ   ညှိနှိုင်းရေးရုံး (OCHA) က ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါသတိပေးချက်သည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က  အလားတူ စိုးရိမ်ပူပန်မှုများ ထုတ်ပြန်ခဲ့ပြီးနောက် မကြာမီရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံ၌ အသက်ငါးနှစ်အောက် ကလေး ၃ ဒသမ ၇ သန်းမှာ ပြင်းထန်သည့် အာဟာရချို့တဲ့မှု အန္တရာယ်မြင့်မားလာနေကြောင်း သိရသည်။

ဆင်ဟွာ