အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Paktia ပြည်နယ်တွင် လေကြောင်း တိုက်ခိုက်မှုဖြစ်ပွား အရပ်သား ၇ ဦး သေဆုံး

၁၂ နိုဝင်ဘာ

 

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Paktia ပြည်နယ် အာယဘ် ဇာဇိုင်ခရိုင်တွင် လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားသဖြင့် အရပ်သား ခုနစ်ဦး သေဆုံးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး အဇာတူလရှ် ခန် က ယနေ့ ပြောကြားခဲ့သည်။

 

1

 

မောင်းသူမဲ့လေယာဉ် တစ်စီးသည် ယမန်နေ့ ညနေပိုင်းက အယ်ဆန်ဂီ ဒေသရှိ ကားတစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ ကလေးနှစ်ဦး၊ အမျိုးသမီး သုံးဦးနှင့် အမျိုးသားနှစ်ဦး အပါအဝင် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါ သေဆုံးသူ ခုနစ်ဦးမှာ မိသားစု တစ်ခုထဲမှ ဖြစ်သည်ဟု ထိုတာဝန်ရှိသူက ဆိုသည်။

 

ယင်းဖြစ်ရပ်ကို စတင်စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သော်လည်း  ထိုလေယာဉ် အမျိုးအစားကို  ခွဲခြားဖော်ပြခြင်း မရှိကြောင်းနှင့် အသေးစိတ် အချက်အလက်များကို ပြောကြားခြင်း မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို