အာဖဂန်မြောက်ပိုင်း ပြည်နယ်တွင် အာဖဂန် အထူးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၁၃ ဦး သေဆုံး

၁၂ နိုဝင်ဘာ

 

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘက်လန်ပြည်နယ်၏ မြို့တော် ပူအီခမ်ရီ  ပြင်ပရှိ ဒန်အီဂိုရီ ဒေသတွင် အာဖဂန် အထူးတပ်ဖွဲ့များ ညတွင်းချင်း လုပ်ဆောင်သည့် စစ်ဆင်ရေးအတွင်း လက်နက်ကိုင် စစ်သွေးကြွ ၁၃ ဦး သေဆုံးခဲ့ကြောင်း အထူးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ယနေ့ပြောကြားခဲ့သည်။

 

တိုက်လေယာဉ်များ ထောက်ခံပေးသော ထိုစစ်ဆင်ရေး ကာလအတွင်း စစ်သွေးကြွ သုံးဦးအထက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ပုန်းအောင်းရာ နေရာကို ချေမှုန်းခဲ့ကြောင်း ထိုတာဝန်ရှိသူ က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဒန်အီဂိုရီ ၏ အရေးပါသော နေရာများနှင့် အိမ်နီးချင်း ဒန်အီ ရှာဟာဘူဒင် ခရိုင်တို့ကို ထိန်းချုပ်ထားသော တာလီဘန် စစ်သွေးကြွများသည် ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခြင်း မရှိပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို