ဝါရှင်တန် ဩဂုတ် ၅
အမေရိကန် အာကာသအေဂျင်စီ နာဆာ(NASA)က အာကာသအတွင်း မျောပါနေသော အသုံးမပြုတော့သည့် ဒုံးပျံအစိတ်အပိုင်းတစ်ခုသည် လကို တိုက်မိနိုင်ခြေရှိကြောင်း ပြောကြားထားသည်။
နာဆာက အဆိုပါဖြစ်စဉ်ကို စောင့်ကြည့်လေ့လာသွားမည်ဖြစ်ပြီး အနာဂတ်တွင် လသို့ သွားရောက်မည့် အာကာသမစ်ရှင်များအတွက် အသုံးပြုနိုင်မည့် အချက်အလက်များ စုဆောင်းရန် စီစဉ်ထားကြောင်းနှင့် အဆိုပါတိုက်မိမှုသည် ကမ္ဘာမြေအတွက် မည်သည့်အန္တရာယ်မျှဖြစ်ပေါ်စေမည်မဟုတ် ကြောင်း နာဆာက ပြောကြားသည်။
ထို့အပြင် အဆိုပါတိုက်မိမှုကို စောင့်ကြည့်လေ့လာခြင်းမှတစ်ဆင့် လ၏ဘူမိဗေဒဆိုင်ရာ အချက်အလက်များနှင့် အနာဂတ်လစူးစမ်းရေးလုပ်ငန်းများအတွက် အသုံးဝင်နိုင်မည့် သိပ္ပံဆိုင်ရာ ဗဟုသုတများ ရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


