အာဆင်နယ်ပရိသတ်များအတွက် နိုင်ပွဲများ ဆက်လက်ရယူပေးသွားဦးမည်ဖြစ်ကြောင်း အာတီတာ ကတိပြု

၂၇ ဒီဇင်ဘာ

 

 

အာဆင်နယ်အတွက် ချယ်လ်ဆီးကို အနိုင်ရရှိခြင်းဟာ အလှည့်အပြောင်းတစ်ရပ်ဖြစ်ပြီး   ရာသီကုန်အထိ နိုင်ပွဲဆာလောင်စိတ်နဲ့ နိုင်ပွဲတွေ ဆက်လက်ရယူသွားမှာဖြစ်ကြောင်း အာဆင်နယ်က သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်အပြီးမှာ အာဆင်နယ်နည်းပြ အာတီတာက ကတိပြုလိုက်ပါတယ်။ 

 

 

အာဆင်နယ်အတွက် ဒီနိုင်ပွဲဟာ နိုဝင်ဘာ ရက်နောက်ပိုင်း ပြည်တွင်းပြိုင်ပွဲ ခုနစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခြင်းလည်း ဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ လာကာဇက်၊ ဂျာကာနဲ့ ဆာကာတို့က အသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းမှုမှာ ချယ်လ်ဆီးကို အသာမရခဲ့ပေမယ့် ဂိုးပေါက်တည့်ကန်သွင်းမှုမှာတော့ အာဆင်နယ်က အသာရခဲ့ပါတယ်။

 

 

ဒီရလဒ်က အဓိကပါပဲ၊ ဒီနိုင်ပွဲဟာ ကျွန်တော်တို့အတွက် လိုအပ်နေတာပါ။ ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် ကျေနပ်မိပါတယ်။ ရက်သတ္တပတ်ပေါင်းများစွာ ကျဆုံးမှုတွေရင်ဆိုင်ခဲ့ရပြီး ခုတော့ အကောင်းဘက် ပြန်ရောက်လာပြီလို့ တွေးရပါမယ်လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

 

 

အာဆင်နယ်ဟာ ဒီဇင်ဘာ ၂၆ ရက်မှာ ချယ်လ်ဆီးကို အနိုင်ရခဲ့တာကြောင့် ဒီဇင်ဘာ ၂၆ ရက်မှာ ကစားခဲ့တဲ့ ပွဲစဉ်တိုင်း ၁၀ ပွဲဆက် အနိုင်ရခဲ့ခြင်းလည်းဖြစ်ခဲ့ကာ မန်ယူ (၁၂ ပွဲ) ပြီးနောက် ဒုတိယရလဒ်အကောင်းဆုံး မှတ်တမ်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

 

 

အာဆင်နယ်ဟာ ဒီပွဲမှာ နိုင်ပွဲရခဲ့ပေမယ့် ယခုနှစ်ဘောလုံးရာသီမှာ ပရီမီယာလိဂ် ၁၅ ပွဲကစားပြီးချိန် နိုင်ပွဲ ပွဲ၊ သရေ ပွဲနှင့် ရှုံးပွဲ ပွဲအထိ ကြုံတွေ့ထားရပြီး အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေရဆဲ ဖြစ်ပါတယ်။

 

 

မေလဲ့သင်း