အာဆင်နယ်ကိုရောက်ဖို့ နီးစပ်နေပြီဖြစ်သည့် ဝီလီယံ

၈ ဩဂုတ်

အသက်(၃၂)နှစ် ပြည့်တော့မည့်ချဲလ်ဆီးကစားသမား ဝီလီယံကို အာဆင်နယ်က (၃)နှစ် စာချုပ်နဲ့ အရောက်ခေါ်ဖို့ ရှိနေပါတယ်။ ရခဲ့ရင်လည်း အလွတ်ပြောင်းရွေ့ကြေးနဲ့ ဖြစ်မှာပါ။ တစ်ပတ်လုပ်ခလစာ ပေါင် (၁)သိန်းထိ ရဖို့ရှိနေပြီး၊ ဒေးဗစ်လုဇ်ပြီးရင် အနောက်လန်ဒန်ကနေ မြောက်လန်ဒန်ကို ပြောင်းကစားမယ့် ဒုတိယမြောက် ချဲလ်ဆီးကစားသမား ဖြစ်လာမှာပါ။ (၃၀)ကျော်ပေမယ့် ခြေစွမ်းခြေစရှိနေသေးတဲ့ ဝီလီယံသာ ရောက်လာခဲ့ရင် အာဆင်နယ်ဟာ ပိုတောင့်တင်းတဲ့အသင်း ဖြစ်လာမှာယုံကြည်ကြောင်း အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ပယ်ရီဂရုဗ်က ပြောကြားခဲ့ပါတယ်။

#အောင်အောင်ဦး(MRTV)

Source – AFP