အာဆင်နယ်က ရောင်းချဖို့စီစဉ်နေတဲ့ ဘယ်လာရင်ကို ခေါ်ယူရန် ပီအက်စ်ဂျီ စိတ်ဝင်စားနေ

  ဇူလိုင်

ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီ အသင်းဟာ နွေရာသီကာလအတွင်း အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ ဘယ်နောက်ခံကစားသမား ဘယ်လာရင်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။

ဘယ်လာရင်ဟာ မြောက်လန်ဒန်ကလပ် အာဆင်နယ်အသင်းနဲ့အတူ ကစားသမားဘဝ ကိုးနှစ်ကြာ ဖြတ်သန်းခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းက ဆောက်သမ်တန်နောက်ခံ လူစီဒရစ်ဆိုယာရီးစ်ကို လေးနှစ် သက်တမ်းရှိ အမြဲတမ်းစာချုပ်တစ်ရပ်နဲ့ ခေါ်ယူခဲ့ပြီးနောက်မှာတော့ ပုံမှန်ပွဲထွက်ကစားခွင့် ပျောက်ဆုံးခဲ့ရသူ လည်းဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ စပိန်ကြယ်ပွင့်ကစားသမား ဘယ်လာရင်ကို ဥရောပရဲ့ ထိပ်တန်းအဆင့်ရှိ ကလပ် အသင်းအများစုက ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပြီး လက်ရှိမှာ ပီအက်စ်ဂျီအသင်းအပြင် အီတလီစီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းနဲ့ ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ် အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင် စားနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက ခေါ်ယူမယ့် ကစားသမားစာရင်းမှာ ဘယ်လာရင်ကို ထည့်သွင်းထားပြီး အာဆင်နယ် အသင်းကလည်း စီဒရစ်ဆိုယာရီးစ်ကို ခေါ်ယူထားပြီးဖြစ်တာမို့ ဘယ်လာရင်ကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ လည်း နည်းပြ အာတီတာက စီစဉ် ထားတာဖြစ်ပါတယ်။

ဘယ်လာရင်ဟာ ယမန်နေ့က အာဆင်နယ်အသင်းနဲ့ ဝုလ်ဗာဟမ် တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ လူစားဝင်ကစား သမားအနေနဲ့သာ ပါဝင်ပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး စီဒရစ်ဆိုယာရီးစ် ကတော့ ပွဲထွက်ကစားသမား ၁၁ ဦး စာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဘယ်လာရင်ဟာ အခုနှစ်ဘောလုံး ရာသီမှာ ဒဏ်ရာပြဿနာကြုံနေရတာကြောင့် အာဆင်နယ်အသင်းနဲ့အတူ ပရီမီယာလိဂ်ပွဲစဉ် ၁၁ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ငွေကြယ်