အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်အသင်း အဝေးကွင်း၌အနိုင်ရ

၂၀၂၆  အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ   ဆီမီးဖိုင်နယ်  ဒုတိယပွဲစဉ်ဖြစ်သည့်  မလေးရှားအသင်း နှင့် ဗီယက်နမ်အသင်းတို့၏ ပထမအကျော့ပွဲကို သြဂုတ် ၁၆ ရက်က မလေးရှားနိုင်ငံ  ကွာလာလမ်ပူမြို့၌ ကျင်းပရာ ဗီယက်နမ်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ဗီယက်နမ်အသင်းသည် အဝေးကွင်း၌ အနိုင်ရခဲ့သဖြင့် ဗိုလ်လုပွဲတက်ရောက်ရန်   အခြေအနေကောင်းသွားပြီး   မလေးရှားအသင်းမှာမူ ရုန်းကန်ရတော့မည်ဖြစ်သည်။  ဗီယက်နမ်အသင်းသည်  ပထမပိုင်းပြီးခါနီးတွင် သွင်းယူသည့်  တိုက်စစ်မှူး  ငုယင်ရှောင်ဆန်၏ဂိုးဖြင့် ဦးဆောင်ဂိုးရခဲ့ပြီး ဒုတိယပိုင်းပြီးခါနီးတွင် ဒုတိယဂိုးထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။ ၈၆ မိနစ်တွင် မလေးရှားကစားသမား ဖာရစ် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်။

ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များကို သြဂုတ် ၁၈၊ ၁၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သြဂုတ် ၁၈ ရက်တွင် ထိုင်းနိုင်ငံ၌ ထိုင်းအသင်းနှင့် စင်ကာပူအသင်း၊ သြဂုတ် ၁၉ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ဗီယက်နမ်အသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဝေးကွင်း၌ နှစ်ဂိုးအသာဖြင့် အနိုင်ရခဲ့သည့် လက်ရှိချန်ပီယံ ဗီယက်နမ်နှင့် ထိုင်းအသင်းတို့သည် ဗိုလ်လုပွဲတက်ရောက်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။

သတင်း - ချစ်ကိုကို

ဓာတ်ပုံ-AFF