အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များ သြဂုတ် ၁၅၊ ၁၆ ရက် ကျင်းပမည်

ရန်ကုန်    ဩဂုတ်    ၉

၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို သြဂုတ် ၁၅၊ ၁၆ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။

အုပ်စုပွဲစဉ်များအပြီးတွင် ဆီမီးဖိုင်နယ်သို့ အုပ်စု(A)မှ လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းနှင့် စင်ကာပူအသင်း၊ အုပ်စု(B)မှ ထိုင်းအသင်းနှင့် မလေးရှားအသင်းတို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ် တက်ရောက်လာသည့်  လေးသင်းအနက်  မလေးရှားအသင်းမှလွဲ၍  ကျန်သုံးသင်းမှာ    အုပ်စုပွဲများတွင် ရှုံးပွဲမရှိဘဲ  တက်ရောက်လာခြင်းဖြစ်သည်။ ထို့ပြင် ထိုင်းအသင်းသည် အုပ်စုပွဲအားလုံးအနိုင်ရကာ တက်ရောက်လာခြင်းဖြစ်ပြီး  မလေးရှားအသင်းမှာမူ  ဆီမီးဖိုင်နယ်သို့ တစ်ကျော့ပြန် တက်ရောက်လာခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ်သို့ နာမည်ကြီးထိုင်းအသင်းက ရှစ်ကြိမ်ဆက်တိုက်၊ ဗီယက်နမ်အသင်းက  ခုနစ်ကြိမ်ဆက်တိုက် တက်ရောက်လာခြင်းဖြစ်သည်။

ကျင်းပသွားမည်

ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် သြဂုတ် ၁၅ ရက်တွင် စင်ကာပူနိုင်ငံ ဂျလန်ဘာဆာကွင်း၌  စင်ကာပူအသင်းနှင့် ထိုင်းအသင်း၊ သြဂုတ် ၁၆ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ  ကွာလာလမ်ပူကွင်း၌  မလေးရှားအသင်းနှင့် ဗီယက်နမ်အသင်းတို့  ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။  ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို သြဂုတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်သည်။

သတင်း-မောင်စံကြီး

ဓာတ်ပုံ-asean Football